images
UN
UN
ကျောင်းကျန်းမာရေးအဖွဲ့ သွားနှင့်အထွေထွေကျန်းမာရေးစစ်ဆေးခြင်း အသိပေးဟောပြောခြင်းများ ဆောင်ရွက်
သိန်းလွင်(အောင်လံ) Friday, 03 August 2018
မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့၌ ကျောင်း ကျန်းမာရေးအဖွဲ့မှစက်ရုံအမှတ် (၁)အခြေခံပညာမူလတန်းကျောင်း တွင်ကျောင်းတွင်းကျောင်းပြင်နှင့်တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေး ခြင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ယခုလ ၁ရက် နံနက်၉နာရီမှစတင်၍ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ခဲ့ရာတွင် သွားကျန်းမာရေးဦးစီးအရာရှိ ဒေါက်တာဇာဇာအောင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံဦးကျော်မျိုးမင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်တင်တင်နိုင်(သူနာပြုဆရာမကြီး)၊ ဒေါ်အေးသီတာ (ကလေး အရာရှိ)နှင့်ဒေါ်ခိုင်ဇာခြည်နွေး(သူနာပြု)တို့က ကျောင်းသား မိဘများနှင့် ကျောင်းသားကျောင်းသူများအား အန္တရာယ်ရှိသော အစားအစာများအကြောင်းနှင့် စနစ်တကျသွားတိုက်ခြင်း၊ ကျန်းမာရေးအတွက် စနစ်တကျ နေထိုင်စားသောက်ခြင်းများ အကြောင်းကို အသိပညာပေးရှင်းလင်းဟောပြောကြခဲ့ကြပြီး ကျောင်းသားကျောင်းသူများ၏ သွားနှင့်အထွေထွေကျန်းမာရေး စစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ကြရာ သရက်ခရိုင်ပြည်သူ့ ဆေးရုံမှသွားဆရာဝန်ဒေါက်တာနှင်းဝေဝေလွင်က လာရောက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။