images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ရွှေပြည်သာဇီးကုန်းကျေးရွာအုပ်စု၌ ရေနစ်မြုပ်မှုအများဆုံးဖြစ် မီးသတ်တပ်ဖွဲ့ဝင်များကူညီကယ်ဆယ်ပေးနေ
ရွှေမြင့်ဦး(ရွှေပြည်သာ) Friday, 03 August 2018
မိုးရွာသွန်းမှု ကြာမြင့်သော ကြောင့် ရွှေပြည်သာမြို့နယ်တွင် လမ်းများရေကျော်ပြီး နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပေါ်နေရာ ဇီးကုန်း ကျေးရွာအုပ်စု၌ ရေနစ်မြုပ်မှု အများဆုံးဖြစ်နေကြောင်း ဒေသခံ များထံမှ သိရသည်။
''မိုးရွာတာက ၁၂ နာရီကျော် ကစရွာတာ ညနေ ၄ နာရီကျော်ထိ ရွာတယ်။ ရွာချိန်ကြာတယ်။ ရေပါ တယ်။ မနက်ပိုင်းက အိမ်အောက် ရေမရှိဘူး။ သုံးပေလောက်မြေပြင် ကနေအမြင့်ရှိတဲ့ ကျွန်မတို့အိမ်ဆို ရင် ရေမြုပ်ဖို့ လက်တစ်ဝါးပဲလို တော့တယ်။ ဒီညဆက်ရွာရင် နေ စရာမရှိဖြစ်ပြီ။ ရပ်ကွက်ထဲမှာ ဒီလိုအိမ်တွေ ၂ဝဝ ကျော်ရှိတယ်။ ခရေလမ်း၊ ကံ့ကော်လမ်းသွယ် အကုန်ရေကျော်နေပြီ'' ဟု (၁၂) ရပ်ကွက်ခရေလမ်းမှ ဒေါ်ခင်မာရီ က ပြောသည်။
ရွှေပြည်သာမြို့နယ် ရေနစ် မြုပ်မှုအများဆုံးဖြစ်ပေါ်နေသော (၂၄)ရပ်ကွက် ဇီးကုန်းကျေးရွာ တွင် ယမန်နေ့ ညနေပိုင်းက ရေ ဘေးသင့်ပြည်သူများကို မီးသတ် ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် ၃ဝ၊ အရန်အင်အား ၅ဝ တို့ဖြင့် ကယ် ဆယ်ရေးလုပ်ငန်းများလုပ်ဆောင် လျက်ရှိပြီး ရေဘေးသင့်ပြည်သူ လက်ရှိ အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ကျား ၁၄၃ ဦး၊ မ ၁၅၂ ဦး စုစုပေါင်း ၂၉၅ ဦးတို့အား ဇီးကုန်းဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်၍ခိုလှုံနေ ကြောင်း ရွှေပြည်သာ(၄) ရပ် ကွက်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။
(၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ''အခုကျွန်တော် တို့ ရေမြုပ်တဲ့အိမ်စာရင်းလိုက် ကောက်နေပြီ။ ထွေ/အုပ်ကိုတင်ပြ ဖို့ရှိတယ်။ ညနေပိုင်းမိုးတိတ်မှ ကောက်တာဆိုတော့ စာရင်းက မပြီးသေးဘူး။ များတော့များ မယ်။ ဒါပေမဲ့ သူတို့မပြောင်းကြ သေးဘူး။ ပေပြီး နေနေကြတယ်။ မနက်လောက်မှ စာရင်းအတိအကျ ရမယ်''ဟုည၇နာရီကပြောသည်။
ရွှေပြည်သာမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် က ''ဒီ မြို့နယ်မှာ ရေနစ်မြုပ်မှု နေရာအနှံ့အပြားမှာ ဖြစ်နေပြီ ကြားတယ်။ ဇီးကုန်းပန်းခြံစုရပ် ကွက်နဲ့(၁၂)ရပ်ကွက်တွေ ရေ စမြုပ်နေပြီလို့ သတင်းပို့ချက် ရထားတယ်။ ကျန်တာတွေတော့ သတင်းမရသေးဘူး'' ဟု ပြော သည်။