images
UN
UN
မိုးသက်လေပြင်းကျရောက်မှုကြောင့် နေအိမ်များပြိုလဲပျက်စီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
သိန်းမြင့်ကျော်(မိတ္ထီလာ) Friday, 03 August 2018
မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ် ကွက်အတွင်းရှိ နယ်မြေများတွင် ယခုလ ၁ရက် ညနေ ၆ နာရီခွဲမှ ည ၈နာရီ ၁ဝ မိနစ်အထိ မိုးသက် လေပြင်းကျရောက်မှုကြောင့် လမ်း ဘေးဓာတ်တိုင်နှစ်တိုင်နှင့်မန်ကျည်း ပင်တစ်ပင် အမြစ်မှလန်၍ နေအိမ် များပေါ်သို့ လဲကျခဲ့သဖြင့် နေအိမ် များ လဲပြိုပျက်စီးခဲ့ပြီး အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
မိုးသက်လေပြင်းကျရောက်မှု ကြောင့် ဝန်ဇင်းရပ်ကွက် နယ်မြေ (၁၄)ရှိ ဒေါ်စိုးစိုးထွန်း၏ နေအိမ် ခြံဝင်းအတွင်းရှိ မန်ကျည်းပင်မှာ အမြစ်မှလန်သွားပြီး ဒေါ်စိုးစိုး ထွန်းနေအိမ်နှင့် နယ်မြေ(၁၃)ရှိ ဦး အောင်ကြည်နေအိမ်များပေါ်သို့ လဲ ကျခဲ့သဖြင့် နေအိမ်များ ပြိုလဲ ပျက်စီးခဲ့ပြီး ဦးအောင်ကြည်၏ဇနီး ဒေါ်ဌေးရီမှာ အိမ်ပြိုကျမှုကြောင့် ခါးနာဒဏ်ရာ၊ ယာလက်ပြင် နာ ကျင်၊ ယာဒူးပွန်းပဲ့ဒဏ်ရာ အနည်း ငယ်ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ ဆေးရုံသို့ တက်ရောက်ကုသလျက် ရှိသည်။ ထို့အပြင် နယ်မြေ(၁၆)ရှိ ဒေါ်ဘီဘီစန်း၏နေအိမ်လမ်းပေါ်ရှိ ကွန်ကရစ်မီးတိုင်မှာ ယိုင်၍ နေအိမ် ပေါ်သို့ လဲကျခဲ့သဖြင့် နေအိမ် ပျက်စီးခဲ့ပြီး နယ်မြေ(၁၇)GTC ကျောင်းလမ်းပေါ်ရှိ ဓာတ်တိုင်မှာ လည်း ပြိုလဲသွားခဲ့သည်။ထိုအပြင် နယ်မြေ(၁၆)အတွင်းရှိ ဒေါ်ခင်လှ နေအိမ်နှင့် ဒေါ်အေးမြင့် နေအိမ် အမိုးများလန်၍ ပျက်စီးခဲ့သည်။
အဆိုပါမိုးသက်လေပြင်း ကျ ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားရာနေရာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် အဆိုပါဖြစ်ပွားမှု ကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရသည်။