images
UN
UN
မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူငါးဦးအား ငွေကျပ်၃၉သိန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
မိုဃ်းကျ(မြစ်ကြီးနား) Friday, 03 August 2018
ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း ယမန်နေ့က မူးယစ်ဆေး ဝါးသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ ဝင်များက ရှောင်တခင်စစ်ဆေးရာ မှ မူးယစ်ဆေးဝါးရောင်းချသူနှင့် သုံးစွဲသူငါးဦးကို ငွေကျပ် ၃၉သိန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက်၆ နာရီက ဗန်းမော်မြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(၁)မှ ရဲအုပ်ခါးလီနှင့် တပ်ဖွဲ့ဝင်များက မန်စီမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် ပူးပေါင်းကာ မန်စီမြို့အနောက်ဘက် ကြိုးတံတားအလွန် တောအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချ နေကြောင်းသတင်းအရ သွား ရောက်စစ်ဆေးရှာဖွေရာ မြင့်အုန်း (၄၉နှစ်)အား ၄င်း၏ဘေးလွယ် အိတ်အတွင်းမှ ဘိန်းဖြူအမှုန့် ၁၆ ဒသမ ၃၅ဂရမ်၊ အောင်စိုး(၂ဝနှစ်) အား ၄င်း၏ဘေးလွယ်အိတ်အတွင်း မှ ဘိန်းဖြူအမှုန့် ၁၁ ဒသမ ၁ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ဝ၊ တိုးထွန်း(၃ဝနှစ်)အား မိုးကာ ထည့်သည့်အိတ်အတွင်းမှ ဘိန်းဖြူ အမှုန့်အလေးချိန် ၁၁ ဒသမ ၆၅ ဂရမ် စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၃၉၁ဝဝဝဝရှိ ဘိန်းဖြူအမှုန့် အလေးချိန် ၃၉ ဒသမ ၁ ဂရမ်နှင့် ငွေကျပ် ၉ဝဝဝဝတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆ဝ တို့အား တဲ အနီးရှိ ဆိုင်ကယ်နှစ်စီးနှင့်အတူ ရှာဖွေဖမ်းဆီးရမိကာ တဲအတွင်း ညအိပ်နေထိုင်သည့် မူးယစ်ဆေး သုံးစွဲထားသူ ကျော်စွာလင်း(ခ) ကိုလင်း (၂၉နှစ်)နှင့် ဇင်မင်းထက် (၂ဝနှစ်)တို့အား တွေ့ရှိဖမ်းဆီးရ မိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါး ရောင်းချသူများဖြစ်သည့် မြင့်အုန်း (၄၉နှစ်)၊ အောင်စိုး (၂ဝနှစ်)၊ တိုးထွန်း(၃ဝနှစ်)နှင့် မူးယစ်ဆေး ဝါးသုံးစွဲသူများဖြစ်သည့် ကျော်စွာ လင်း(၂၉နှစ်)နှင့် ဇင်မင်းထက် (၂ဝနှစ်) မန်စီမြို့နေသူ ငါးဦးအား မန်စီမြို့မရဲတပ်ဖွဲ့စခန်းမှ မယ(ပ) ၅၈/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။