images
UN
UN
အေးရွာလေးကျေးရွာ ပညာ့အလင်းရောင်စာကြည့်တိုက်၌ အခမဲ့ပညာဒါနအဖြစ် အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်
ဇင်မင်းထိုက်(ထန်းတပင်) Sunday, 05 August 2018
ကလေးငယ်လေးများ အင်္ဂ လိပ်စာ အခြေခံရရှိစေရန် ရည်ရွယ် ၍ (အခမဲ့)ပညာဒါနအဖြစ် အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင် မြို့နယ် ဓနဲရိကျေးရွာအုပ်စု အေးရွာ လေးကျေးရွာ ပညာ့အလင်းရောင် စာကြည့်တိုက်၌ မေ ၂၇ ရက်မှ စတင်ကာ အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို အေးရွာ လေးကျေးရွာ ပညာ့အလင်းရောင် စာကြည့်တိုက်နှင့် အင်္ဂလိပ်စာ သင်ကြားရေး ပရဟိတဆရာမ ဒေါ်ဥမ္မာထွန်းတို့ ပူးပေါင်းကာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ပထမအကြိမ်တွင် ကျောင်းသားကျောင်းသူ ကလေး ငယ် ၃၅ ဦးတို့တက် ရောက်ခဲ့ကြ ပြီး ယခုနှစ် ဒုတိယအကြိမ်တွင် မူလတန်းအဆင့်နှင့်အလယ်တန်း အဆင့်ကလေးငယ် ၃၅ ဦးတို့ တက်ရောက် သင်ကြားလျက်ရှိ ကြောင်းနှင့် သင်တန်းကာလမှာ ငါးလကြာမြင့်မည်ဖြစ်ပြီးသင်တန်း တွင် တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများ၏ စာ အုပ်များနှင့် စာရေးကိရိယာများ လည်း ပညာ့အလင်းရောင်စာကြည့် တိုက်မှလှူဒါန်းပေးလျက်ရှိသည်။