images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂ဝ၁၈)ဖွင့်
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်) Sunday, 05 August 2018
ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုး သမီးရေးရာအဖွဲ့၏အခြေခံစက်ချုပ် သင်တန်းအမှတ်စဉ်(၄/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ် ရပ်ကွက် ခေမာသီဝံကျောင်းတိုက် တွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်၊ အတွင်း ရေးမှူးဦးတင်ရှိန်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များက ခေမာသီဝံ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တ ဥတ္တမသာရ(ဓမ္မာစရိယ)အားဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အ ရှေ့ပိုင်းခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အရှေ့ ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးတင်ရှိန်၊ ဘဏ္ဍာ ရေးမှူးဒေါ်နှင်းအိအိခင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ၂ဝမှ ပါတီဥက္ကဋ္ဌများနှင့် ပါတီ ကော်မတီဝင်များ၊ လူငယ်တာဝန်ခံ နှင့် ပါတီလူငယ်များ၊ သင်တန်း ဆရာ ဆရာမနှင့်သင်တန်းသူ စုစု ပေါင်းအင်အား ၇ဝ တက်ရောက် ခဲ့ကြောင်း သိရသည်။
Image may contain: one or more people, people sitting and indoor