images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ချောင်းရေတိုက်စားသဖြင့် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ပျက်စီးပြတ်တောက်
မိုဃ်းကျ(မြစ်ကြီးနား) Monday, 06 August 2018
ကချင်ပြည်နယ် မိုးကောင်း မြို့နယ်အတွင်း ယမန်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က မိုးသည်း ထန်စွာရွာသွန်းသဖြင့် ကျေးရွာချင်း ဆက် ကျောက်ချောလမ်း ပျက်စီး ပြတ်တောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က မိုးကောင်း မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်ရေရှင် ကျေးရွာရှိ နွယ်နီချောင်းရေမှာ လမ်းမြေသားအား တိုက်စားမှု ဖြစ် ပွားခဲ့ရာ စံပါရီ-ရေရှင်-မရန်က ထောင်ကျေးရွာချင်း ဆက်သွယ် ထားသည့် အကျယ် ၁၂ ပေရှိ ကျောက်ချောလမ်းမှာ အရှည် ပေ ၂ဝ နှင့် အနက်ငါးပေခန့် ရေတိုက် စားသွားရာခရီးသွားဒေသခံပြည်သူ များ အန္တရာယ်ကင်းရှင်းစွာသွား လာနိုင်ရေး နယ်မြေခံတပ်မှဒုတိယ ဗိုလ်မှူးကြီးနိုင်လင်းနှင့် တပ်မ တော်သားများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ် ဖွဲ့ဝင်များရောက်ရှိ ကာယာယီသွား လာနိုင်မည့် လမ်းပြင်ဆင်ရေးလုပ် ငန်းများကို ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ချောင်းရေတိုက်စား သည့် ကျေးရွာချင်းဆက် လမ်း အပိုင်းပြုပြင်ရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက လိုအပ်သည်များဖြည့်ဆည်းဆောင် ရွက်ပေးကာ ပျက်စီးသွားသည့် လမ်းအပိုင်းအား ပြီးစီးကောင်းမွန် ရန်မနောမြင့်မိုရ်ကုမ္ပဏီမှာ တာဝန် ယူပြင်ဆင်ပေးသွားမည်ဖြစ်သည်။