images
UN
UN
ပုဂံအစုန်အမြန်ရထားလမ်းချော်
ဌေးမြင့်မောင် Monday, 06 August 2018
မန္တလေးမှ ပုဂံသို့ ည ၉ နာရီ တွင် ထွက်ခွာလာသော ပုဂံအစုန် အမြန်ရထားသည် ယမန်နေ့ညက မြို့သာဘူတာနှင့် ဂွေးကုန်းဘူတာ ကြား လမ်းချော်ကျမှုဖြစ်ပွား၍ ည ၁၂ နာရီတွင် နွားထိုးကြီးဘူတာ သို့ ဝင်ရမည့်အစား ယနေ့နံနက် ၁ဝ နာရီမှ နောက်ကျဝင်ခဲ့ကြောင်း သိရသည်။
ပုဂံအစုန်အမြန် ရထားလမ်း ချော်ကျ၍ လိုက်ပါလာသော နိုင်ငံ ခြားသားနှင့် ပြည်တွင်းခရီးသည် ၁၄၄ ဦးကို မြန်မာ့မီးရထားက မော်တော်ယာဉ်များနှင့် ပြောင်းလဲ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပုဂံ-မန္တလေးရထားလမ်းတွင် မီးရထားလမ်းချော်ကျမှုမှာ မရှိ သလောက်ရှားပါးကြောင်း သိရ သည်။