images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
မြိတ်တွင် မိုးစပါးစိုက်ပျိုးဧက ၆၁၁ ဧက ရေကြီးနစ်မြုပ်နေ
ဇော်မျိုးနိုင်(မြိတ်) Monday, 06 August 2018
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယခုနှစ် မိုးစပါးစိုက် ဧက ၄၃၃၉၁ ခန့်လျာထားပြီး ဧကပေါင်း ၂၄၅၃၁ ခန့်ကို ဇွန်လ မတိုင်မီက စိုက်ပျိုးခဲ့ပြီးဖြစ်ရာ ယခုအခါ ကျေးရွာလေးရွာရှိ စိုက် ပျိုးပြီး လယ်ဧက ၆၁၁ ခန့် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေ ကြီးနစ်မြုပ်လျက်ရှိကြောင်း စိုက် ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြိတ်မြို့တွင် မိုးစပါးစိုက်ပျိုး လုပ်ကိုင်သည့်ကျေးရွာပေါင်း ၂ဝ ခန့်ရှိပြီး ရေကြီးနစ်မြုပ်နေသည့် မိုးစပါးစိုက်ပျိုးပြီးလယ်ဧကများ မှာ မဇောကျေးရွာတွင် ၄ဝ၉ ဧက၊ စန္ဒဝတ်ကျေးရွာတွင် ၈၆ ဧက၊ တုံးဗျောကျေးရွာတွင် ၆၉ ဧကနှင့် သစ်ယာဝကျေးရွာတွင် ၄၇ ဧက ခန့်ရှိပြီဖြစ်ကာ ရေကြီးနစ်မြုပ်မှု ကြောင့်ဆုံးရှုံးနိုင်သည့်အခြေအနေ တွင်မရှိသေးကြောင်း မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများ စိုက်ပျိုးစားရိတ် အခက်အခဲ မရှိစေရေးအတွက် မြန်မာ့စိုက်ပျိုးရေးဘဏ် (မြိတ် ဘဏ်ခွဲ)မှ မြိတ်မြို့ရှိတောင်သူများ ပိုင် မိုးစပါးစိုက်လယ်ဧက ၂ဝ၁၉၂ ဧကအတွက် ချေးငွေကျပ် ၃ဝ၂၈၈ သိန်းကို အတိုးနှုန်းရှစ်ရာခိုင်နှုန်း ဖြင့် ကြိုတင်စိုက်ပျိုးစရိတ် ထုတ် ချေးပေးထားကြောင်း အဆိုပါ ဘဏ်မန်နေဂျာ ဦးအောင်ထွန်းက ပြောသည်။