images
UN
UN
CSR လုပ်ငန်းစဉ်များကို အတွေ့အကြုံနှီးနှောဖလှယ်ခြင်းဆိုင်ရာဆွေးနွေးပွဲကျင်းပ
မေလွင် Tuesday, 07 August 2018
AMCHAM Myanmar မှ ချီးမြှင့်သည့် လူမှုအကျိုးပြုလုပ် ငန်း အသိအမှတ်ပြု ထူးချွန်ဆု (AMCHAM CSR Excellence Recognition Award (ACE) ရရှိ ထားသော အသင်းဝင်လုပ်ငန်းစု များမှ စီးပွားရေးလုပ်ငန်းစုကြီး များ၏ အတွေ့အကြုံနှင့်အကောင်း ဆုံးစီမံဆောင်ရွက်လုပ်ဆောင်ခဲ့ သည့် CSRလုပ်ငန်းစဉ်များကို အတွေ့အကြုံ နှီးနှောဖလှယ်ခြင်း ဆိုင်ရာဆွေးနွေးပွဲကို CSR Excellence Award ဆုရရှိခဲ့သောBritish American Tobacco Myanmar Ltd ၊ SMART Technical Services Co., Ltd နှင့်BG Myanmar လုပ်ငန်းစုတို့မှဆူးလေ ဘုရားလမ်းsulae square ရှိ AMCHAM Myanmar ရုံး အစည်းအဝေးခန်းမတွင် အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
CSR လုပ်ငန်းစဉ်များ အကြောင်း၊CSR အပေါ်ထားရှိသော လုပ်ငန်းစု၏ ခံယူချက်များ၊ CSR လုပ်ဆောင်စဉ် ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့်အခက်အခဲများ အကြောင်းကို အဓိကထားပြီးဆွေး နွေးခဲ့ကြပြီး တက်ရောက်လာသူ များ၏ မေးခွန်းများကိုလည်း ဖြေ ကြားဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
British American Tobacco Myanmar Ltd ၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခိုင်ဝေ သွယ်က ''မြန်မာနိုင်ငံ ကျေးလက် ဒေသတွေထဲက အမှန်တကယ်လို အပ်နေတဲ့ နေရာဒေသတွေမှာ CSR စီမံကိန်းတွေလုပ်ဆောင်ပေး ခဲ့ပါတယ်။ CSRလုပ်ဆောင်မှု ဆိုရာမှာ Sustainability ဖြစ်ဖို့ လွန်စွာအရေးကြီးပါတယ်။BATမြန်မာကလုပ်ဆောင်သမျှCSRလုပ်ငန်းစဉ်တိုင်းမှာ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းစေရေးကို အဓိက ထားဆောင်ရွက်ခဲ့တာပါ။ ဒီဆွေး နွေးပွဲမှာလည်း အသင်းဝင်လုပ်ငန်း စုအချင်းချင်း အတူတကွ အတွေ့ အကြုံတွေကိုဖလှယ်ခွင့်ရလို့လည်း ဝမ်းသာမိပါတယ်''ဟု ပြောကြား ခဲ့သည်။
BG Myanmar လုပ်ငန်းစုမှManaging Director ဒေါ်ပန်းဝါ ကလည်း ''ဒီနေ့မှာ CSR အတွေ့ အကြုံတွေကို ပြန်လည်မျှဝေပေး ဖို့အတွက် တက်ရောက်တာဖြစ် ပါတယ်။ ဆွေးနွေးပွဲကတစ်ဆင့် လုပ်ငန်းနယ်ပယ်အသီးသီးက လုပ် ငန်းစုတွေအကြား လုပ်ဆောင်နေ ကြတဲ့ CSR လုပ်ငန်းစဉ်တွေ အကြောင်း သိရှိခွင့်ရတယ်။ ပြီး တော့ အကြံဥာဏ်တွေ၊ အိုင်ဒီယာ အသစ်တွေ၊ ရှုထောင့်တွေကို ရလိုက်ပါတယ်''ဟု သုံးသပ်ပြော ဆိုသည်။
AMCHAM Myanmar သည် မြန်မာနိုင်ငံတွင် ၂ဝ၁၅ခုနှစ် မှစတင်၍ အသင်းဝင်စီးပွားရေး လုပ်ငန်းစုကြီးများ၏ ပြည်တွင်း တွင် လုပ်ကိုင်နေသော လူမှုအကျိုး ပြုလုပ်ငန်းစဉ်များအား အကဲဖြတ် ပြီး အကောင်းဆုံးသောနည်းလမ်း များဖြင့် စံနှုန်းအတိုင်းလုပ်ကိုင်နေ သည့် လုပ်ငန်းစုများအား လူမှု အကျိုးပြု အသိအမှတ်ပြုထူးချွန် ဆုဖြစ်သော (AMCHAM CSR Excellence Recognition Award)ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည်။
အဆိုပါဆုအတွက် ရွေးချယ် ရာတွင် အသင်းဝင်စီးပွားရေးလုပ် ငန်းစုများ၏ စီးပွားရေးရည်မှန်း ချက်များနှင့် လူမှုဝန်းကျင်လိုအပ် ချက်များအပေါ် အလေးထားခြင်း၊ ရေရှည်စီးပွားရေးနှင့် လူမှုဝန်းကျင် အကျိုးဖြစ်ထွန်းမှုအား ဖော်ဆောင် နိုင်ခြင်း၊ အကောင်းဆုံးသောလုပ် ဆောင်ချက်များ၊ လုပ်ငန်းစဉ်များ အား မျှဝေခြင်းနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ခြင်း၊ ရေရှည်တည် တံ့ရန် အစီအမံများချမှတ်ဆောင် ရွက်နိုင်ခြင်း စသည့်အချက်များ အပေါ်မူတည်ပြီး လေ့လာသုံးသပ် အမှတ်ပေးကြောင်း သိရသည်။