images
UN
UN
အသေအပျောက်များသည့် လွမ်ဘော့ငလျင်လှုပ်ပြီးနောက် လူ ၇ဝဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်
နောင်နောင် Wednesday, 08 August 2018
အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ ကျွန်း ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၇ဝဝဝဝ ကျော်သည် အိုးမဲ့အိမ်မဲ့များဖြစ်ပွားခဲ့ရပြီး ယာယီတဲများတွင် အိပ်စက်ရကာ အစားအစာများ၊ သောက်သုံးရေ များနှင့် ဆေးဝါးများပြတ်တောက် နေလျက်ရှိကြောင်း ယနေ့တွင် အာဏာပိုင်များက ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။ ယခုလ ၅ ရက်တွင် လွမ်ဘော့ ကျွန်း၌ ၆ ဒသမ ၉ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ပြီး အနည်ဆုံး လူ ၁ဝ၅ ဦးသေဆုံးခဲ့ကာ ဒေသခံများ နှင့် နိုင်ငံခြားသားခရီးသွားများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။¤င်းငလျင်ကြောင့် ၂၃၆ ဦးတို့ သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ ကြပြီး သောင်းနှင့်ချီသောနေအိမ် များလည်း ပျက်စီးခဲ့ရသည့် အတွက် အာဏာပိုင်များသည် ဆေးကုသပေးမည့်ပညာရှင်များနှင့် အခြေခံလိုအပ်ချက်များ ထောက်ပံ့ ပေးရန် မေတ္တာရပ်ခံထားသည်ဟု သိရသည်။
ငလျင်ဒဏ်ခံရသူများကို ဘေး လွတ်ရာသို့ ရွှေ့ပြောင်းပေးရေး ဆောင်ရွက်မှုများကို အင်တိုက်အား တိုက်ဆောင်ရွက်နေသော်လည်း ပြဿနာများစွာရှိနေသေးသည်ဟု အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူSutopo Purwo Nugrohoက ယနေ့တွင်ပြောကြားလိုက်ကြောင်း သိရသည်။ စက်ယန္တရားအကြီး စားများဖြင့် အလုပ်လုပ်နေရသည့် အလုပ်သမားများ၊ ပြိုကျပျက်စီး နေသည့် နေအိမ်များ၊ကျောင်းများ၊ ဗလီများမှ လွတ်မြောက်ရန် ကြိုးပမ်းခဲ့ရသူများရှိသည်ဖြစ်ရာ ရရှိခဲ့သည့်ဒဏ်ရာများကြောင့် သေဆုံးမှုနှုန်းတိုးမြင့်လာမည်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရ သည်။ ရာနှင့်ချီသော သွေးထွက် သံယိုဒဏ်ရာရရှိခဲ့သူများကို ပြိုကျ ပျက်စီးနေသည့် မက်တာရမ်ဆေး ရုံနှင့် အခြားသောဆေးရုံများ အပြင်ဘက်တွင်ဆေးကုသမှုပြုလုပ် ပေးခဲ့ရကြောင်း သိရသည်။
Ref: Channel News Asia