images
UN
UN
အာဆင်နယ်အသင်းသို့မပြောင်းရွှေ့ရန် တိုက်စစ်မှူးဒမ်ဘီလီဆုံးဖြတ်
Wednesday, 08 August 2018
ဘာစီလိုနာတိုက်စစ်မှူးဒမ်ဘီ လီသည် အာဆင်နယ်အသင်းသို့ မပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ ဒမ်ဘီလီသည် ပြီးခဲ့ သောရာသီက ဘာစီလိုနာ၌ ခြေ စွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသူဖြစ် သည်။ ထို့ကြောင့် အာဆင်နယ် နည်းပြသစ်အမ်မရီက ၄င်းကို ခေါ် ယူရန် ပစ်မှတ်ထားလာခဲ့ခြင်းဖြစ် ပြီး ပေါင် ၈၉ သန်းဖြင့် ကမ်း လှမ်းမှုပြုလုပ်ခဲ့သည်ဟု သိရ သည်။ ပထမတစ်ရာသီတွင် ပေါင် ၈ ဒသမ ၉ သန်းဖြင့် အငှားခေါ် ယူပြီး ရာသီကုန်တွင် ပေါင်သန်း ၈ဝဖြင့် စာချုပ်မည်ဟု ကမ်းလှမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ဒမ်ဘီလီက ဘာစီ လိုနာဥက္ကဋ္ဌနှင့် ဆွေးနွေးမှုများပြု လုပ်ခဲ့ပြီး တစ်ရာသီဆက်နေချင် သည်ဟု ပြောကြားခဲ့ကြောင်း သိ ရသည်။ အာဆင်နယ်နည်းပြ အမ် မရီသည် အပြောင်းအရွှေ့ကာလ မပိတ်မီ တောင်ပံကစားသမား တစ်ဦးကိုခေါ်ယူရန် ကြိုးစားနေပြီး ဒမ်ဘီလီသည်လည်း အာဆင်နယ် ကစားသမားတချို့နှင့် ညစာအတူ စားခဲ့၍ အပြောင်းအရွှေ့ဖြစ်လာ မည်ဟု သတင်းထွက်လာခဲ့ခြင်း ဖြစ်သည်။ Ref ;Metro