images
UN
UN
ကျိုက်ထိုမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Thursday, 09 August 2018
မွန်ပြည်နယ် ကျိုက်ထိုမြို့မရဲစခန်းမှ နယ် ထိန်းခေါင်းဆောင်ရဲအုပ်ဇော်မျိုးလွင်နှင့်ရဲတပ်ဖွဲ့ဝင် များသည် ယမန်နေ့မွန်းလွဲ ၂နာရီက မူးယစ်ဆေး ဝါးသတင်းအရ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာ စိမ်းလဲ့တင်စားသောက်ဆိုင်အနီးရှိလက်ဖက်ရည်ဆိုင် ၌ စောင့်ဆိုင်းနေစဉ် ပဲခူးတိုင်းဒေသကြီးဘက်မှ ကျိုက်ထိုမြို့ဘက်သို့ မိဘဂုဏ်မှန်လုံယာဉ်ပေါ်မှ ဆင်းလာသော ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ဖရဲကျေးရွာနေ သန်းနိုင်ဦး (၁၉နှစ်)အား ရှာဖွေစစ်ဆေးခဲ့ရာ ¤င်းလွယ်ထားသည့် လွယ်အိတ် အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၄ဝ၊ အလေးချိန်လေးဂရမ်(ခန့်မှန်းကာလ တန်ဖိုးငွေကျပ်၂ဝဝဝဝဝ)ကို ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိခဲ့ပြီး သန်းနိုင်ဦးအား စစ်ဆေးချက် အရ အဆိုပါဆေးပြားများကို ပဲခူး- သနပ်ပင်သွား လိုက် ထရပ်ယာဉ်မောင်း ကိုအပါးအူးက ရောင်းချခိုင်း သည့် ဆေးပြားများဖြစ်သည်ကို သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ကျိုက်ထိုမြို့မရဲစခန်းမှ သန်းနိုင်ဦးနှင့် ကိုအပါးအူးအပေါ် မယ(ပ)၁၂/ ၂ဝ၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။