images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
တနင်္သာရီမြစ်ရေအန္တရာယ်ရေမှတ်ထက်ကျော်လွန် ကျောင်း၂ဝ ယာယီပိတ်ထားရ
နန်းသာရီ-ထိန်ဝင်း Thursday, 09 August 2018
တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးများအဆက်မပြတ်သည်းထန်စွာ ရွာသွန်း နေမှုကြောင့် တနင်္သာရီမြစ်ရေသည် ယမန်နေ့ ည၇နာရီအထိ မြစ်ရေမှတ်မှာ ၂၄ပေ ၃လက်မ အထိ မြစ်ရေပြန်တိုးလာပြီးမြို့၏ အန္တရာယ်ရေမှတ် ၂၄ပေထက် သုံးလက်မကျော်လွန်နေပြီဖြစ်သဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍အခြေခံပညာအထက်တန်းကျောင်းသုံးကျောင်း၊အလယ်တန်းကျောင်းရှစ်ကျောင်းနှင့်မူလတန်းအဆင့် ကျောင်းကိုးကျောင်းစုစုပေါင်းကျောင်း၂ဝ ကို ယာယီပိတ်လိုက်ရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။