images
UN
UN
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) International Army Games-2018 ပိတ်ပွဲ အခမ်းအနားတက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
ယူဒီနေ Thursday, 09 August 2018
ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်သော မြန်မာ့တပ် မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပ လျက်ရှိသည့် International Army Games-2018 ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင်လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထွက်ခွာသည်။
ဒုတိယ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ် (ကြည်း)နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ တော်အရာရှိကြီးများ လိုက်ပါသွား ကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် တပ်မ တော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယသံအမတ်ကြီးDr.Sergey LIZOGUB၊ စစ်သံရုံးမှ Lieutenant Colonel Alexey Yum-atov နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
အဆိုပါ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေ စဉ်အတွင်း International Army Games-2018 ပိတ်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး မြန်မာထေရ ဝါဒဗုဒ္ဓစင်တာ(မော်စကို)ကျောင်း၊ ရင်ပြင်နီနှင့် တပ်မတော်ပြတိုက် တို့ကို သွားရောက်လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။