images
UN
UN
မြန်မာနိုင်ငံသား ၆၄ ရာခိုင်နှုန်းသည် ဘဏ်စာရင်းဖွင့်လှစ်ကာ ခေတ်မီငွေပေးချေမှုနည်းလမ်းများကို အသုံးပြုရန်စိတ်ဝင်စား
ရွှေရောင် Friday, 10 August 2018
မြန်မာနိုင်ငံသား ၆၄ရာခိုင်နှုန်း သည် ဘဏ်စာရင်းဖွင့်လှစ်ကာ ခေတ်မီငွေပေးချေမှုနည်းလမ်းများကို အသုံးပြုရန်စိတ်ဝင်စားကြကြောင်း Visa ၏ငွေကြေးဆိုင်ရာပညာရေး လေ့လာဆန်းစစ်ချက်အရ သိရ သည်။
နိုင်ငံသားအများစုသည် ငွေ သားကိုင်တွယ်အသုံးပြုရန် မလို အပ်သော ငွေပေးချေမှုနည်းလမ်း များနှင့် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများကို ရယူအသုံးပြုလိုကြပြီး ရေရှည်တည်တံ့သော တိုးတက်မှု အတွက်ငွေကြေးဆိုင်ရာ ပညာရေး လေ့လာဆန်းစစ်ချက်အရ မြန်မာ လူမျိုးအများစုသည် အကြွေးဝယ် ကတ်နှင့်ATM ကတ်များ၊မိုဘိုင်းလ် ငွေပေးချေမှုများ၊ ထိတွေ့ရုံဖြင့် ငွေပေးချေခြင်း(Contactless Payment)၊ QRကုတ်မှတစ်ဆင့် ငွေပေးချေမှုများကဲ့သို့ ငွေသားကိုင် တွယ်အသုံးပြုရန် မလိုအပ်သော ငွေပေးချေမှုနည်းလမ်းများနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူအသုံးပြုလိုကြကြောင်း သိရ သည်။
''ငွေသားကိုင်တွယ်အသုံးပြုရာ ကနေဒစ်ဂျစ်တယ်နည်းပညာနဲ့ ငွေ ပေးချေမှုမျိုးဆီကူးပြောင်းခြင်းဟာ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူး တွေအများကြီးရှိပါတယ်။ အနည်း ဆုံးတော့ စားသုံးသူတွေအနေနဲ့ သူတို့ရဲ့ဘဏ်ထဲမှာထည့်ထားတဲ့ ငွေတွေ ဒါမှမဟုတ် အကြွေးဝယ် ခွင့်ငွေစာရင်းတွေကနေ ချက်ချင်း ဝင်ရောက်ပြီးတော့ လျင်မြန်၊လုံခြုံ စိတ်ချရတဲ့ အီလက်ထရွန်နစ် ငွေ ပေးချေမှုတွေကို ပြုလုပ်နိုင်မှာဖြစ် ပါတယ်။ ကုန်သည်တွေအတွက် ကတော့ အီလက်ထရွန်နစ်ငွေပေး ချေမှုကို အသုံးပြုတဲ့အတွက် ပိုမို ကောင်းမွန်တဲ့ဝယ်ယူမှုအတွေ့အကြုံ တွေပံ့ပိုးပေးနိုင်ပြီး ငွေသားနဲ့ ချက် လက်မှတ်ကိုင်ဆောင်မှုကုန်ကျစရိတ် တွေ လျှော့ချလာနိုင်မှာလည်းဖြစ် သလို အာမခံချက်ရှိတဲ့ငွေပေးချေမှု ပုံစံကိုသုံးပြီးကမ္ဘာတစ်ဝန်းကဝယ် ယူသုံးစွဲသူတွေနဲ့ ချိတ်ဆက်နိုင် တော့မှာပဲဖြစ်ပါတယ်''ဟုVisa Myanmar ၏Country Manager ဖြစ်သူ Arturo Planell က ပြော သည်။
၎င်းလေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံမြို့ပြဧရိယာ ငါးနေရာရှိ လူထု၏ ၆၄ရာခိုင်နှုန်းသည် ဘဏ် စာရင်းဖွင့်လှစ်ကာ ခေတ်မီငွေပေး ချေမှုနည်းလမ်းများကို အသုံးပြုရန် စိတ်ဝင်စားကြပြီး လူထု၏ ၁ဝ ရာခိုင်နှုန်းသည်ပင် ဘဏ်စာရင်း ဖွင့်လှစ်ပြီး ခေတ်မီငွေပေးချေမှု နည်းလမ်းများကို အသုံးပြုနေကြ ပြီဖြစ်ကြောင်း သိရသည်။
ငွေကြေးဆိုင်ရာပညာရေး လေ့ လာဆန်းစစ်ချက်ပြုလုပ်ရန်ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်နှင့် မကွေးမြို့များရှိ လူပေါင်း ၁ဝ၄၄ ဦးကို မေးမြန်းထားခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ် သြဂုတ်တွင် တစ်ဦး ချင်း တွေ့ဆုံမေးမြန်းမှုပေါင်းရှစ်ခု ပြုလုပ်ထားကြောင်း သိရသည်။