images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ဇင်းကျိုက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းမအချို့ ရေလွှမ်းမိုးမှုဖြစ်ပွား
နေခြည်(ဇင်းကျိုက်) Friday, 10 August 2018
ယမန်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျ ရေများကျဆင်းခဲ့သဖြင့် မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမအချို့တို့တွင် ရေလွှမ်း မိုးမှုများဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြို့နယ်ရဲမှူးအေးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဇင်းကျိုက်ရဲကင်းစခန်းမှ စခန်းမှူးရဲလင်းနောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူးဦးညီညီထွန်းနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဇင်းကျိုက်မြို့မှ အရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က ရေလွှမ်းမိုးရာ ကားလမ်း မတစ်လျှောက်တို့တွင် မောင်းနှင်သွားလာနေကြသော ယာဉ်များနှင့် ခရီးသွားပြည်သူတို့အား ဘေးကင်းလုံခြုံစေရေးအတွက် ကူညီဆောင် ရွက်မှု များပြုလုပ်ပေးခဲ့သည်။