images
UN
UN
မိုးရေကြီးပြီး ရေလျှံမှုများဖြစ်ပေါ်နေသော်လည်း ဆည်တမံများကြောင့် ဘေးပတ်ဝန်းကျင်က ပြည်သူများထိခိုက်မှုမရှိအောင် စီမံထားဟုဆို
တင်တင်အေး Friday, 10 August 2018
မြန်မာနိုင်ငံတစ်ဝန်းတွင် မိုး ရေကြီးပြီး ရေလျှံမှုများဖြစ်ပေါ်နေ သော်လည်းဆည်တမံများကြောင့် ဘေးပတ်ဝန်းကျင်တွင် နေထိုင်ကြ သောပြည်သူများ ထိခိုက်မှုမရှိ အောင်စီမံထားကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးကယနေ့ပြောကြားလိုက်သည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီ အစဉ်တွင် ကျောက်တံတား မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးနေမျိုးထက်၏ ထပ် ဆင့်မေးခွန်းဖြစ်သော ''ကျွန်တော် တို့ နိုင်ငံက လျှပ်စစ်က ရေအားကို ပဲမှီခိုနေရပါတယ်။ ရေကာတာတွေ ကြောင့်အန္တရာယ်မရှိအောင်၊ ရေ ကာတာတွေကြာရင်ကျိုးပေါက်မှု မရှိအောင်ဝန်ကြီးဌာနအနေနဲ့ ဘယ် လိုစံချိန်၊ စံညွှန်းချပြီးဆောင်ရွက် နေလဲဆိုတာသိချင်ပါတယ်'' ဟု မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးက''ရေအား လျှပ်စစ်စီမံကိန်းများကို စတင်စူး စမ်းတိုင်းတာစဉ်ကတည်းကသက် ဆိုင်ရာမြစ်ချောင်းများ၏ ရေစီးဝင် မှုနှုန်းထားများကိုနှစ် ၃ဝ၊ နှစ် ၅ဝ အစရှိသည့် ကိန်းဂဏန်းအချက် အလက်များကို စတင်လေ့လာပြီး တွက်ချက်တည်ဆောက်ရခြင်းဖြစ် ပါတယ်။ ဆည်တည်ဆောက်မယ့် မြေနေရာရဲ့ မြေငလျင်လှုပ်ချိန်ဖြစ် ပေါ်နိုင်တဲ့အခြေအနေများကိုလည်း ထည့်သွင်းတွက် ချက်ရပါတယ်။ ဆည်တည်ဆောက်မယ့်နေရာမှာရှိ တဲ့မြေသားရဲ့ ခိုင်ခံ့မှုအနေအထား များကိုလည်းထည့်သွင်းတွက်ချက် ရပါတယ်။ထိုကဲ့သို့အချက်အလက် ပေါင်းများစွာကိုထည့်သွင်းတွက် ချက်စဉ်းစားပြီးသည့်တိုင်အောင် ဆည်များတည်ဆောက်ပါကတမံ၏ ဘော်ဒီအတွင်း တည်ဆောက်ပြီး သည့်နှစ်မှစ၍လစဉ်တိုင်းတာနိုင် မည့် Device တွေကို ထည့်သွင်း တည်ဆောက်ပါတယ်။ ဆည်တမံ အတွင်းရေစိမ့်မှုရှိ၊မရှိ။ ဒေါင်လိုက် ရွေ့လျားမှု၊ အလျားလိုက်ရွေ့လျား မှုရှိ၊ မရှိတို့ကိုတိုင်းတာတဲ့ Instrument မျိုးစုံနဲ့ အင်ဂျင်နီယာက ပုံမှန်တိုင်းတာရပါတယ်'' ဟု ရှင်းလင်းပြောကြားခဲ့သည်။