images
UN
UN
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ရပ်ကွက်ကျေးရွာပုံမှန်အစည်းအဝေးကျင်းပ
ထွန်းနိုင် Friday, 10 August 2018
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် ပါတီဝင်စုပေါင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁ဝ နာရီ ၈ မိနစ်တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ပါတီမှ ဒေါ်ခင်နွယ်မြင့်၊ ဦးကြည်ဟိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အဖွဲ့များ စုစုပေါင်းအင်အား ၈ဝ ကျော် တက်ရောက်ခဲ့ပြီး အစီအစဉ်အရ ပါတီဝင်အသစ် ၁၃၂ ဦး၏အဆိုပြုလွှာများ စုပေါင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီမှ လက်ခံရယူကာ ဒုတိယပိုင်း ရပ်/ကျေး ပုံမှန်အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။