images
UN
UN
ကယားပြည်နယ်ပြည်ခိုင်ဖြိုးပါတီ လွိုင်ကော်ခရိုင် မြို့နယ်ပါတီနှင့် ပူးပေါင်း ဝါတွင်းကာလ လယ်ထွဲ ဘုန်းတော်ကြီးကျောင်း ဆွမ်းတော်အတွက် လှူဒါန်း
မမောင်(ချိကယ်သူ) Friday, 10 August 2018
ကယားပြည်နယ် လွိုင်ကော် မြို့ နွားလဝိုးကျေးရွာအုပ်စု လယ် ထွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ယနေ့နံနက် ၁ဝနာရီ ၁၅မိနစ် မှ ၁၁နာရီခွဲအထိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝါ တွင်းကာလ ဆွမ်းတော်ပြင်ရန် အတွက် သစ်သီးများ၊ မုန့်များလှူ ဒါန်းရန်အတွက် အလှူငွေများကို လယ်ထွဲရွာရှိ လူငယ်နှင့် အမျိုး သမီးများထံသို့ အလှူငွေပေးအပ် လှူဒါန်းခဲ့သည်။
ပထမဦးစွာ လယ်ထွဲရွာ ဘုန်း တော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဥူးနန္ဒသာမိအား နဝကမ္မအလှူငွေဖြင့် ပူဇော်ကန် တော့ခဲ့သည်။
ယင်းနောက် ပြည်ခိုင်ဖြိုး ပါတီမှ တာဝန်ရှိသူအသီးသီးက လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးပြီး လယ်ထွဲကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် လူငယ်နှင့်အမျိုး သမီးအဖွဲ့ထံသို့ ဝါတွင်းကာလ ဆွမ်းတော်ပြင်ရန်အတွက် သစ်သီး များ၊ မုန့်များ လှူဒါန်းရန်အတွက် အလှူငွေများကိုမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်နှင်းနှင်းရီက လယ်ထွဲလူငယ်ခေါင်းဆောင် ခွန် ကျော်လွန်းနှင့် အမျိုးသမီး မနန်း ယွန်းထံသို့ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါပွဲတွင် ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြ သောဦးတင်ဦး(လွိုင်ကော်မြို့နယ် တာဝန်ခံ)၊ ဒေါ်ဗျားမြာမောင် (အမျိုးသမီးရေးရာဒုတာဝန်ခံ)၊ လွိုင်ကော်ခရိုင်ကော်မတီဝင်ဦးစူး ရယ်၊ လွိုင်ကော်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေ၊ ဦးကူးရယ်၊ အတွင်းရေးမှူးမြို့နယ်ကော်မတီဝင် ဒေါ်နှင်းနှင်းရီ (မြို့နယ်အမျိုးသမီး ရေးရာတာဝန်ခံ)၊ ဦးလင်းမြတ်ဦး (မြို့နယ်လူငယ်ရေးရာတာဝန်ခံ)နှင့် မြို့နယ်ကော်မတီဝင်များ၊ လယ်ထွဲ ရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ အမျိုးသမီးနှင့် လူ ငယ်အဖွဲ့များ စုစုပေါင်းအင်အား ၄ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။