images
UN
UN
မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် အမျိုးသမီးအိမ်တွင်းမှု လက်မှုသင်တန်းများဆက်လက်ဖွင့်လှစ်မည်
ဝင်းအောင်(မိုးကောင်း) Friday, 10 August 2018
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက အမျိုးသမီးများ၏ဘဝ မြှင့်တင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို မိုး ကောင်းမြို့တွင်လည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာ သင်တန်းအမှတ်စဉ်(၂/ ၂ဝ၁၈)နှင့် (၃/၂ဝ၁၈)တို့ကို နမ္မတီးမြို့နှင့် ပင်းဘောကျေးရွာအုပ်စုတို့တွင်လည်းကောင်း ဆက်လက်ဖွင့်လှစ်ရန် စီမံဆောင်ရွက်နေကြောင်း မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီ အမျိုးသမီးရေးရာကော်မတီတွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေက ပြောသည်။
ယခုနှစ်တွင်မေလမှစတင်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းများအဖြစ် အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၁/၂ဝ၁၈)နှင့် (၂/၂ဝ၁၈)တို့ကို မြို့သစ်ကြီးကျေးရွာနှင့် မိုးကောင်း မြို့တို့တွင်လည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာသင်တန်း အမှတ်စဉ်(၁/၂ဝ၁၈)ကို မိုးကောင်းမြို့တွင်လည်းကောင်း အောင် မြင်စွာဖွင့်လှစ်ခဲ့ပြီး သင်တန်းသူများအနက် ၁၇ ဦးတို့က ပါတီ၏ရည် ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအပေါ် နှစ်သက်သဘောကျသဖြင့် ပါတီဝင်အဆိုပြုလွှာများတင်သွင်းခဲ့ကြကြောင်း သိရသည်။