images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုး တိုင်းဒေသကြီး ခရိုင် မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ပါတီစည်းကမ်းများရှင်းလင်းပြောကြား
ထိန်ဝင်း(YGN) Friday, 10 August 2018
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန် တိုင်းဒေသကြီးပါတီကော်မတီအတွင်းရေး မှူးနှင့် ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ် ဥက္ကဋ္ဌအတွင်းရေးမှူးများ၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးကော်မတီဝင်များအား ယနေ့ မွန်းလွဲ ၂ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တွေ့ဆုံ၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ ကြောင်း သိရသည်။
အစီအစဉ်အရပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကအမှာ စကားပြောကြားရာတွင်ယနေ့တက် ရောက်လာသည့် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကော်မတီဝင် များသည် ပါတီ၏အဓိကကျသည့် ခေါင်းဆောင်များဖြစ်ကြောင်း၊သင် တန်းမျိုးစုံ တက်ရောက်ခဲ့ကြပြီး အရည်အသွေး ပြည့်စုံသူများဖြစ် ကြောင်း၊ပါတီတွင်သက်တမ်းကြာ မြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူ များဖြစ်၍ ပါတီလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်သော် လည်း ပြောင်းလဲနေသည့် ခေတ် စနစ်နှင့်အညီ ပုံသဏ္ဌာန်ပြောင်းလဲ ကြဖို့လိုကြောင်း၊ လုပ်ငန်းစဉ်များ လည်းမတူတော့ကြောင်း၊ပုံစံပြောင်း ကြဖို့တိုက်တွန်းလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက အမှာစကား ပြောကြားရာတွင် နိုင်ငံရေးသမား ဆိုသည်မှာ နိုင်ငံ့အရေးကိစ္စများ ကို ကိုယ့်စရိတ် ကိုယ်စားပြီး ဝါသနာအရ လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ ¤င်းကိစ္စများကို ဝါသနာအရ လုပ်ကိုင်နေသူများ စုပေါင်းထားသည့် အဖွဲ့အစည်းကို နိုင်ငံရေးပါတီဟုခေါ်ကြောင်း၊ပါတီ နိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေး လုပ်ကိုင်နေသူများသည် မျိုးချစ် စိတ်ဓာတ်အခြေခံရှိဖို့ လိုအပ် ကြောင်း၊ ပါတီခေါင်းဆောင် ကောင်းတစ်ယောက်ဖြစ်ရန်အတွက် စည်းကမ်းကောင်းမွန်ဖို့ လိုအပ် ကြောင်း၊ ထိုကြောင့် ပါတီဝင်များ သည် ပါတီစည်းကမ်းကို လိုက်နာ ကြဖို့လိုအပ်ကြောင်း၊ ပါတီစည်း ကမ်းကို လိုက်နာသည့် ပါတီဝင် များကို ပြည်သူများက လေးစား အတုယူကြမှာဖြစ်ကြောင်း ပြော ကြားပြီး ပါတီစည်းကမ်းထိန်း သိမ်းရေးကော်မတီ၏ လုပ်ထုံးလုပ် နည်းများ၊ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်၊ ဖွဲ့စည်းပုံနှင့် တာဝန် ဝတ္တရားများကို ရှင်းလင်းဆွေးနွေး ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။