images
UN
UN
အမေရိကန်ဒေါ်လာ ၁ဝဝဝ ဖြင့် ရောင်းမည့် Galaxy Note 9 အား မိတ်ဆက်
Saturday, 11 August 2018
ဆမ်ဆောင်းကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁ဝဝဝ ရောင်း ဈေးသတ်မှတ်ထားသော Galaxy Note 9 မိုဘိုင်းလ်ဖုန်းမော်ဒယ်သစ် အား တရားဝင်မိတ်ဆက်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနကဖော်ပြ သည်။
Phablet အမျိုးအစား မိုဘိုင်းလ်ဖုန်းအမျိုးအစားများထဲတွင် ဈေးကွက်ဝေစုအများဆုံးရရှိထားသည့် Galaxy Note စီးရီး၏ နောက် ဆုံးမျိုးဆက်ဖြစ်သော Note 9 သည် ၆ ဒသမ ၄ လက်မ အရွယ် ရှိသော Quad HD+ Super AMOLED မျက်နှာပြင်ကို အသုံးပြု တည်ဆောက်ထားခြင်းကြောင့် မျက်စိအား ထိခိုက်စေနိုင်မှုနည်းပါး ခြင်း၊ ရုပ်ရှင်များနှင့်ပုံရိပ်များကို ကြည့်ရှုရာတွင် ပိုမိုကောင်းမွန်သော ခံစားချက်မျိုးပေးစွမ်းနိုင်ခြင်း စသည့်အားသာချက်များကို ပိုင်ဆိုင် ထားသည်။ ဘက်ထရီ၏စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ပြု လုပ်ထားသည့်အပြင် S Pen ၏ လုပ်ဆောင်နိုင်စွမ်းများကိုလည်း တိုးချဲ့ထားကြောင်း ဆမ်ဆောင်းက အတည်ပြုခဲ့သည်။ 128 GB မော်ဒယ်ကို အမေရိကန်ဒေါ်လာ ၁ဝဝဝ ဖြင့် ရောင်းချမည်ဖြစ်ကာ 512 GB မော်ဒယ်ကို ဝယ်ယူလိုပါက အမေရိကန်ဒေါ်လာ ၁ဝ၉၉ ဒေါ်လာကျသင့်မည်ဖြစ်သည်။ NG(Ref;BBC)