images
UN
UN
စေတမာန်ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွား
ဖြိုးကိုလင်း(ညောင်ဝိုင်း) Saturday, 11 August 2018
ရန်ကုန်-မန္တလေးအမြန်လမ်းမ ကြီးတွင် 'စေတမာန်'ခရီးသည်တင် ယာဉ်မောင်းနေစဉ် အရှိန်လွန်တိမ်း မှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁ဝ၅/၇ နှင့် ၁ဝ၆/ဝ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက် သို့ ယာဉ်မောင်းဖြစ်သူ စောလား ဘွယ်(၄၄နှစ်) တောင်ငူမြို့နေသူ မောင်းနှင်လာသော စေတမာန် ခရီးသည်တင် Express ယာဉ် အမှတ် 1P/---- စိမ်း/ လိမ္မော် ရောင်သည် အမြန်လမ်းမကြီး အတိုင်း မောင်းနှင်လာစဉ် အခင်း ဖြစ်မိုင်တိုင်အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသူ ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက် နှစ်ဦးအနက် ယာဉ်နောက်လိုက် သန်းထိုက်အောင်တွင် တင်ပါး၊ ယာလက်၊ ဝဲခြေတို့တွင် ထိခိုက် ကျိုးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ရာ မစိုးရိမ်ရလူနာအဖြစ် ဆေးကုသမှု ခံယူနေရကယာ ယာဉ်မှာ ရှေ့လေ ကာမှန်ကွဲ၊ ဘော်ဒီပျက်စီးနှင့် အခြားပျက်စီး ဆုံးရှုံးမှုရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြူး အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် မောင်းဖြစ်သူ စောလားဘွယ်အား ယာဉ်အား မဆင်မခြင်မောင်းနှင်းခဲ့ သဖြင့် ယာဉ်(ပ)၁၄/၁၈၊ရာဇသတ် ကြီးပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့် အရေးယူစစ်ဆေးနေကြောင်း သိရ သည်။