images
UN
UN
မေတ္တာမြို့ရှိ ဒေသခံပြည်သူများကို အထွေထွေရောဂါ အခမဲ့နယ်လှည့်ကွင်းဆင်းကုသပေး
လင်းလင်း(ရေဖြူ) Saturday, 11 August 2018
တနင်္သာရီတိုင်းဒေသကြီးထား ဝယ်ခရိုင် မေတ္တာမြို့ရှိ အခြေခံ ပညာအထက်တန်းကျောင်း၌ယနေ့ နံနက် ၉နာရီက ထားဝယ်မြို့ ပြည် သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန် ကြီးများအဖွဲ့ကဒေသခံပြည်သူများ အား အထွေထွေရောဂါအခမဲ့ နယ် လှည့်ကွင်းဆင်းကုသ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း ကုသပေးရာတွင်ထားဝယ်မြို့အထွေ ထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေး အောင်၊ တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးမှူး ဦးဆောင်သော အရိုး အကြော၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊စိတ်ရောဂါ၊ကလေး၊ သားဖွား/မီးယပ်၊အရေပြားစသော အထူးကုဆရာဝန်ကြီးများပါဝင်ပြီး အထူးကုဆရာဝန်ကြီးများနှင့် အဖွဲ့ တို့က မေတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ရောဂါ အမျိုးမျိုးတို့ကို အခမဲ့လာရောက် ကွင်းဆင်းကုသ ပေးကြသည်။
ယင်းနောက် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဦးကြည်လှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစော လုကာနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ များက လိုက်ပါလာပြီး ဒေသခံ လူနာများအား လိုက်လံတွေ့ဆုံ နှုတ်ဆက်ကာ ကလေးလူနာများ အား ဘောလုံးများ လက်ဆောင် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း ကုသပေးမှုကို ယနေ့နံနက် ၉နာရီ မှ စတင်ကုသဆောင်ရွက်ပေးပြီး တစ်ရက်တာအတွက် လူနာများ ကုန်သည်အထိ ကုသပေးသွားမည် ဖြစ်သည်။