images
UN
UN
ပြည်သူ့အကျိုးပြုသန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်
ဝင်းဗိုလ် Sunday, 12 August 2018
မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးမောင်တိုး၊ မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဦး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ ယနေ့နံနက်က မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်ပြည်သူ များစုပေါင်း၍ မြန်အောင်မြို့အမှတ် (၄)ရပ်ကွက် ဘဒလင်ကျောင်းကြီး လမ်းနှင့်ကြာနီကန်လမ်းတစ်လျှောက် ချုံနွယ်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်ရေး ဆောင်ရွက် ခြင်း စသည့် ပြည်သူ့အကျိုးပြု သန့်ရှင်းသာယာလှပရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။