images
UN
UN
ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး စိုးရိမ်စရာလုံးဝကိုမရှိခဲ့ပေမယ့် လက်ရှိအစိုးရလက်ထက်မှာတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက် ပြီး ဖိနှိပ်ကန့်သတ်မှုတွေအရမ်းများလာတယ်
မေနဒီမြနွယ် Sunday, 12 August 2018
ဦးစိုးပိုင်မြင့်
***********
ကျွန်တော်က ရန်ကင်းမြို့နယ်က လာတာပါ။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေး ရှင်းအသင်းကြီးဆိုတာ ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာသာသနာကို အများကြီး ကာ ကွယ်စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်လို့ အားပေးထောက်ခံဖို့အတွက် လာ တက်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ပြည်ထောင်စုဝန်ကြီးနဲ့ မဟနသံဃာ ၄၇ ပါးစုံညီအစည်းအဝေးမှာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအသင်းကြီးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာဘယ် လိုမှမဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ် ပါတယ်။ကျွန်တော်တို့တိုင်းပြည်မှာ ပြည် သူလူထုအများဆုံးကိုးကွယ်တာ ဗုဒ္ဓဘာ သာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာ ဆွန်နီရှိလို့ရှီးရိုက်ကို ဖျက်ခိုင်းသလား။ ခရစ်ယာန်ဘာသာမှာလည်း RC ရှိ လို့နှစ်ခြင်းကိုဖျက်ခိုင်းသလား။ အဲဒီလို တွေမရှိဘဲနဲ့ ဗုဒ္ဓဘာသာမှာ မဟနရှိပြီးလို့ မဘသကိုဖျက်ခိုင်းတယ်ဆိုတော့ ဒါက အရမ်းကိုမတရားတဲ့ ဆုံးဖြတ်ချက်လို့မြင် ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး စိုးရိမ်စရာ လုံးဝကိုမရှိခဲ့ပေမယ့် လက်ရှိအစိုးရလက် ထက်မှာတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက် ပြီး ဖိနှိပ်ကန့်သတ်မှုတွေ အရမ်းများလာ တယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ် လာတယ်။ ကိုယ့်ရဲ့ဗုဒ္ဓဘာသာ သာသနာ ကို မမှေးမှိန်မပျောက်ကွယ်စေဖို့အတွက် တာဝန်က ဗုဒ္ဓဘာသာဝင်ပြည်သူတိုင်း မှာ တာဝန်ရှိသလို ဗုဒ္ဓဘာသာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရမှာလည်း တာဝန် အရှိဆုံးလို့ ကျွန်တော်ယူဆပါတယ်။ ဒီပွဲ ကို အခုလိုထောက်ခံပွဲကို လာရောက်ဖို့ကို မည်သည့်အဖွဲ့အစည်းကမှ ဖိအားပေး ခြင်းမရှိသလို အခွင့်အရေးပေးလို့ လာ တက်တာမဟုတ်ဘူး။ ဗုဒ္ဓဘာသာဝင် ပြည်သူစစ်စစ်တစ်ယောက်အနေနဲ့ လာ ရောက်ထောက်ခံ အားပေးခြင်းဖြစ်ပါ တယ်။




ကိုသန်းကျော်ဝင်း
******************
ကျွန်တော်က ကိုသန်းကျော်ဝင်းပါ။တောင်ဒဂုံမြို့နယ်ကနေ လာခဲ့တာပါ။ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါဘူး။အွန်လိုင်းပေါ်ကနေ ဖိတ်စာကိုမြင်လို့ ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူမျိုးဖြစ်တဲ့အတွက် ဘယ် သူ့တိုက်တွန်းချက်မှမပါဘဲ ကိုယ့်ဆန္ဒနဲ့ လာရောက်ပြီး ဒီအသင်းကြီးကို လာ ရောက်ထောက်ခံအားပေးတာပါ။ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအသင်းကြီးရဲ့ရည် ရွယ်ချက်ကိုက အမျိုးဘာသာသာသနာ ကို ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ် ထားတာဖြစ်တယ်။ နောက်ပြီး မြန်မာ နိုင်ငံအတွင်းမှာ မကြာခဏဖြစ်ပေါ်နေတဲ့ ရာသီဥတုနဲ့ပတ်သက်တဲ့ သဘာဝဘေး အန္တရာယ်တွေ၊ မီးလောင်မှုတွေစသဖြင့် ဘေးဒုက္ခတွေ ကျရောက်လာတာနဲ့ တစ်ပြိုင်နက်တည်း သွားရောက်လှူဒါန်း မှုတွေကို အများဆုံးလုပ်ပေးနေတဲ့အသင်း ကြီးလည်းဖြစ်ပါတယ်။ အဲဒီလိုအသင်း ကြီးကို အခုလိုဖျက်သိမ်းပစ်မယ်ဆိုတာ တွေ ကြားလာရတော့ အရမ်းနာကျင် ခံစားရတယ်။ ဗုဒ္ဓဘာသာဝင်ပြည်သူ အနေနဲ့လည်း ဒါကို လုံးဝလက်မခံနိုင်ပါ ဘူး။ မဟနအဖွဲ့အစည်းအနေနဲ့လည်း အခုလို မဘသအဖွဲ့အစည်းကို ဖျက်သိမ်း ပေးဖို့အတွက် တိုက်ရိုက်အမိန့်ပေးပိုင်ခွင့် မရှိပါဘူး။ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လည်းမရှိဘူးဆိုတာ ဥပဒေထဲမှာ ပြဋ္ဌာန်း ပြီးသားပါ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဖွဲ့စည်းပေးထားတဲ့ တရားဝင်အဖွဲ့အစည်း ဖြစ်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ သူတို့ အုပ်ချုပ်နေတဲ့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တယ်ဆိုတာကို သတိမူစေချင်တယ်။ ကိုယ့်ဘာသာနဲ့ ကိုယ့်လူမျိုးကိုကာကွယ် စောင့်ရှောက်မှုတွေ ပေးရမယ့်အစား ခိုးဝင်ဘင်္ဂါလီအရေးကိုသာ ဦးစားပေး လုပ်ဆောင်နေတယ်။ ရှေးအစဉ်အစိုးရ အဆက်ဆက် မမှေးမှိန် တာက်ပခဲ့တဲ့ ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာ သာသနာကို မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ် ဖို့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တိုင်းမှာ တာဝန်ရှိပါတယ်။ အခုလို အခမ်းအနားတက်ရောက်လာခဲ့တာ ကိုယ့်စရိတ်နဲ့ ကိုယ့်ကားခအကုန်ခံပြီး လာတက်တာပါ။ ဘယ်အဖွဲ့အစည်း ဘယ်သူတစ်ဦးတစ်ယောက်ကမှ တိုက် တွန်းတာမျိုးတွေ၊ နေ့စားခဆိုတာတွေ လုံးဝမရှိပါဘူး။ ပြည်သူတစ်ဦးအနေနဲ့ ဒီ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအသင်း ကြီးကို အားပေးထောက်ခံတဲ့စိတ်နဲ့တက် ရောက်တာဖြစ်ပါတယ်။
ဒေါ်ဘေဘီ
***********
ကျွန်မနာမည်ဒေါ်ဘေဘီပါ။ မြောက် ဥက္ကလာကနေလာတာပါ။ ကျွန်မက ဗုဒ္ဓ ဘာသာဝင် မြန်မာလူမျိုးဖြစ်တဲ့အတွက် ဒီလို ဘာသာသာသနာကို စောင့်ရှောက် ပေးနေတဲ့အပြင် ကျွန်မတို့ အားကိုးယုံ ကြည်ရတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အသင်းကြီးကို ဖျက်သိမ်းဖို့ဆုံးဖြတ်တယ် လြို့ကားတော့ အရမ်းဝမ်းနည်းခံစားရ တယ်။ အခုလက်ရှိ အစိုးရအနေနဲ့ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်တဲ့အသင်းအဖွဲ့တွေ ကို ဖျက်သိမ်းနေတယ်။ ကိုယ့်ဘာသာ ကို တန်ဖိုးထားစောင့်ရှောက်မှုတွေပေး ရမယ့်အစား အခုလိုဖိနှိပ်နေတာတွေ အတွက် အရမ်းကို စိတ်မချမ်းမြေ့ဖြစ် နေရတယ်။ ကျွန်မတို့နိုင်ငံရဲ့ဗုဒ္ဓဘာသာ ကို မပျောက်ပျက်မမှေးမှိန်မပျောက်ကွယ် ဖို့အတွက် ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ ပြည်သူတိုင်းမှာတာဝန်ရှိသလို ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့အစိုးရမှာလည်း လုံးဝကို တာဝန်ရှိပါတယ်။ ဗုဒ္ဓဘာသာကို အများ ကြီးစောင့်ရှောက်နေတဲ့ ဒီအသင်းကြီးကို ထောက်ခံတဲ့အနေနဲ့ ကိုယ့်သဘောဆန္ဒ စစ်စစ်နဲ့ လာရောက်ထောက်ခံတာ ဖြစ် ပါတယ်။