images
UN
UN
ကရင်ပြည်နယ် ရေဘေးသင့်ဒေသများသို့ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ထောက်ပံ့ပစ္စည်းများပေးအပ်
Sunday, 12 August 2018
ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ် ၏ (MOP) Emergency Grant ငြိမ်းချမ်းရေးသံတမန်အရေးပေါ် အသေးစားထောက်ပံ့မှုရန်ပုံငွေနှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ဦး ဆောင်မှုဖြင့် တက္ကသိုလ်ကောလိပ် များမှဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများနှင့်ကင်းထောက် များ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အရေးပေါ် ထောက်ပံ့ပစ္စည်းများ ဝယ်ယူကာကရင်ပြည်နယ်ဘားအံ မြို့နယ်ရှိ ရေဘေးသင့်ဒေသများ တွင် တက္ကသိုလ်ကင်းထောက်များ က ယခုလ ၁ဝ ရက်မှစတင်ပြီး ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းကြသည်။
ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၏ အရေးပေါ် အသေးစားထောက်ပံ့ မှုရန်ပုံငွေကျပ်သိန်း ၆ဝ နှင့် တက္ကသိုလ်ကောလိပ်များမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်း သူများ၊ကင်းထောက်များ၊ စုပေါင်း ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း ၂ဝ ကျော်ကို အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကိတ် ခြောက်၊ ငါးသေတ္တာ၊ ရေသန့်ဘူး၊ ဆပ်ပြာ၊ ပန်းကန်၊ ဇွန်းများကို တက္ကသိုလ်ကောလိပ်ကင်းထောက် လူငယ်များက ဒေသခံကျေးရွာ/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများ မှ ပုဂ္ဂိုလ်များနှင့်အတူ ကရင်ပြည် နယ် ဘားအံမြို့နယ်မှ ၁ဝ မိုင်ကွာ ရှိ ကရင်-ကော့ကျိုက်ရွာတွင် အခြေပြုစခန်းချကာ အနီးပတ်ဝန်း ကျင်ရှိ ရေဘေးသင့်ဒေသများဖြစ် သောကောကြီးရွာ၊ ပျော်ရာကုန်း ရွာ၊ ကော့ဆိုင်တမင်ရွာ၊ ရွေပြည် အေးကျေးရွာများမှ ဒေသခံပြည်သူ များနှင့် ခြံကလေးဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ကော့နိုင်ခလုံ ကျောင်း၊ ကရင်-ကော့ကျိုက်ဘုန်း ကြီးကျောင်း၊ ညောင်ကုန်းပတ္တမြား ကျောင်း၊ ကော့ကလွေ စိတ္တသုခ ကျောင်း၊ ရွှေပြည်အေးစံပြဘေးမဲ့ ကျောင်းများမှ ဒေသခံသံဃာတော် များ၊ ကျောင်းသားကျောင်းသူများ အား ထောက်ပံ့ပစ္စည်းများပေး အပ်လှူဒါန်းကြသည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့