images
UN
UN
ရုရှားနိုင်ငံ၌တည်ထားကိုးကွယ်မည့် ရွှေစည်းခုံစေတီပုံတူကို အောက်တိုဘာတွင် အုတ်မြစ်ချမည်
ဟန်လေး Monday, 13 August 2018
ရုရှားနိုင်ငံ၌ တည်ထားကိုး ကွယ်မည့် ရွှေစည်းခုံစေတီပုံတူကို အောက်တိုဘာတွင် အုတ်မြစ်ချ မည်ဖြစ်ကြောင်း ဒေါက်တာအရှင် အစ္ဆရိယထံမှသိရသည်။
ရုရှားနိုင်ငံသို့ သာသနာပြုခရီး အဖြစ်ရောက်ရှိနေသော သီတဂူ ဆရာတော်ကြီးသည် ဒုတိယနေ့ အဖြစ် Cultural City (ယဉ်ကျေး မှုစင်တာ)Etnomir သို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လေ့လာ ပြီး သက်ဆိုင်သူများနှင့်တိုင်ပင် ဆွေးနွေးကာ လာမည့်အောက်တို ဘာလတွင် အုတ်မြစ်ချရန်ပြန်လာ မည်ဖြစ်ကြောင်း မိန့်ကြားတော်မူ ခဲ့သည်။ရုရှားနိုင်ငံ၏မြို့တော်မော်စကို တွင် မြန်မာနိုင်ငံမှ ထေရဝါဒ ကျောင်းတိုက်တစ်တိုက်ကို တည် ဆောက်ထားပြီးဖြစ်ကြောင်း၊လူ၁ဝဝ ခန့် စုဝေးတရားနာနိုင်ရန် ဓမ္မာရုံ တစ်ခုတည်ဆောက်ရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ထို့ပြင် ယဉ်ကျေးမှု မြို့တော်တွင်မြန်မာ့ယဉ်ကျေးမှုများ ဖြင့်တန်ဆာဆင်ထားသော ၄၅ ပေ အမြင့်ရှိသောရွှေစည်းခုံစေတီတော် ပုံတူတည်ဆောက်ရန်စီစဉ်ထားပြီးဖြစ် ကြောင်း သီတဂူဆရာတော်ကြီးက ရုရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များနှင့် ရုရှားလူမျိုးဗုဒ္ဓဘာသာဝင် များအား ယမန်နေ့ည မြန်မာနိုင်ငံ ဆိုင်ရာသံရုံးတွင်ပြုလုပ်သောတရား ပွဲ၌ မိန့်ကြားခဲ့သည်။
''ဘုန်းကြီးတို့ ရုရှားနိုင်ငံက ဘာမှ ယူမသွားဘူး။ အခုကျောင်း တိုက်လည်းဆောက်ပြီးပြီ။ နောက် ဓမ္မာရုံဆောက်ဦးမယ်။ဘုရားတည် ဦးမယ်။ရုရှားပြည်ကလူတွေအတွက် ဗုဒ္ဓယဉ်ကျေးမှုနဲ့ ဗုဒ္ဓရဲ့အဆုံးအမ တွေပြန့်ပွားဖို့ မြန်မာပြည်ကသယ် ဆောင်လာပါတယ်။ သယ်ဆောင် လာတဲ့ ဗုဒ္ဓယဉ်ကျေးမှုကို ရုရှား လူမျိုးတွေ စနစ်တကျ အင်တိုက် အားတိုက် စောင့်ရှောက်ကြပါလို့ တိုက်တွန်းပါတယ်''ဟု သီတဂူ ဆရာတော်ကြီးက မိန့်ကြားခဲ့ ကြောင်း သိရသည်။