images
UN
UN
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲရခြင်း၏ရည်ရွယ်ချက်မှာ ပညာရေးအာမခံချက်ရရှိစေရန်ဖြစ်သည်ဟုဆို
တင်တင်အေး Tuesday, 14 August 2018
ယခုပညာသင်နှစ်ဖြစ်သော ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစတင်ကာ တက္က သိုလ်ဝင်တန်း စာမေးပွဲမေးခွန်းပုံစံများ ကို ပုံစံအသစ်ဖြင့် ပြောင်းလဲပြင်ဆင်ထား ကြောင်း သိရပြီး ထိုသို့တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းပုံစံပြောင်းလဲရခြင်း၏ ရည်ရွယ်ချက်မှာ ပညာရေးအာမခံချက် ရရှိစေရန်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့အတည်ပြုပြောကြားလိုက်သည်။
နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်နဝမပုံမှန်အစည်းအဝေး နဝမ နေ့အစီအစဉ်တွင် မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဦး၏ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းများ ပုံစံပြောင်းမေးမြန်းရန် စီစဉ် ထားခြင်းနှင့်ဆက်စပ်၍ မည်သည့်ရည် ရွယ်ချက်ဖြင့် ယခုကဲ့သို့ ချက်ချင်း ပြောင်းလဲရန် စီစဉ်ထားသည်ကို သိလို ခြင်းနှင့်အလေ့အကျင့်ရရှိစေရန် ယခုနှစ် တွင် နဝမတန်းမှသာ စတင်ပြောင်းလဲ ပေးရန် အစီအစဉ်ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ပညာရေးဒုဝန်ကြီးက ''တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းပုံစံပြောင်းလဲရ ခြင်း၏ရည်ရွယ်ချက်မှာ ပညာရေးအာမခံ ချက်ရရှိစေရန်၊ ကျောင်းသင်ပညာရေးစနစ် တိုးတက်စေရန်၊ ကျောင်းသားများ၏ သင်ယူမှုရလဒ်များတိုးတက်စေရန်၊ တက္က သိုလ်ဝင်တန်းကျောင်းသားကျောင်းသူများ အလွတ်ကျက်ဖြေဆိုမှု လျော့နည်းစေရန် နှင့်စဉ်းစားတွေးခေါ်မှုအားပေးမြှင့်တင် ရန်တို့ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၄င်းက''တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမေးခွန်းပုံစံအသစ်တွင် အလွတ် ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစားတွေး ခေါ်မှုကို ဦးစားပေးသောမေးခွန်းများ ပိုမို ပါဝင်လာမှာဖြစ်ပါကြောင်း တင်ပြအပ် ပါတယ်။ မေးခွန်းလွှာမှာရွေးချယ်စရာ မေးခွန်းအရေအတွက် များနေပါက သင်ခန်းစာအချို့ကို စာမေးပွဲတွင် မဖြေ ဆိုဘဲ ရှောင်လွှဲခွင့်ရရှိနိုင်ခြင်းကြောင့် သတ်မှတ်မှုရာနှုန်း အားနည်းနိုင်တဲ့ အတွက် မေးခွန်းပုံစံအသစ်မှာ ရွေးချယ် စရာအရေအတွက် လျှော့ချထားခြင်းဖြစ် ကြောင်း တင်ပြအပ်ပါတယ်''ဟု ထပ် လောင်းပြောကြားခဲ့သည်။