images
UN
UN
မေးခွန်းမေးမြန်းရာတွင်မဆီလျော်သောစကားလုံးပါဝင်ခဲ့ခြင်းအပေါ် မင်းကင်းလွှတ်တော်ကိုယ်စားလှယ်ထောက်ပြခဲ့၍ မှတ်တမ်းမှပယ်ဖျက်
တင်တင်အေး Tuesday, 14 August 2018
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေး မြန်းရာ၌ မဆီလျော်သော စကား လုံးပါဝင်ခဲ့ခြင်းအပေါ် လွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်ခံရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေးနဝမနေ့ အစီ အစဉ်တွင် တောင်တွင်းကြီး မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမင်းသိန်းက အခြေခံ ပညာရေးကဏ္ဍတွင် အမျိုးသား ဆရာဦးရေ သိသာစွာကျဆင်းနေ သည့်အတွက် အမျိုးသားဆရာ ဦးရေတိုးချဲ့ခန့်ထားရန် သင့်လျော် သော အစီအစဉ်များ ဆောင်ရွက် ထားခြင်း ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာတွင် ယခုကဲ့သို့ မဆီလျော်သော အသုံးအနှုန်းပါဝင် သွားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ မဆီလျော်သော အသုံးအနှုန်းပါဝင်ခဲ့ခြင်းနှင့်ပတ် သက်ပြီး မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော်သို့ တင်ပြရာတွင် '' ကျွန်တော့်အနေ နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်း ဥပဒေအပိုဒ် ၁၄၁(ဃ)အရ တင်ပြ ချက်နဲ့ ပတ်သက်ပြီးတော့မှ မဆီ လျော်တဲ့ အကြောင်းပြချက်တွေ၊ ခိုင်လုံ အထောက်အထားမပါတဲ့ ယူဆချက်တွေ၊ မသင့်လျော်တဲ့ အသုံးအနှုန်းတွေ၊ ဂုဏ်သရေကို ထိခိုက်စေတဲ့ ဖော်ပြချက်တွေ မပါ ရှိတဲ့မေးခွန်းဖြစ်ရမယ်ဆိုတဲ့အချက် တွေအရ စောစောက မေးမြန်းသွား တဲ့ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း မေးသွားတဲ့အထဲမှာ နှုတ်ချော်ပြီး တပ်မတော်အစိုးရ ကာလကို ပညာရေးအမှောင်ခေတ် ဆိုပြီးပြောသွားတာကို ကျွန်တော် ကန့်ကွက်တာပါ။ ဒီလိုမဆီလျော် တဲ့ စကားလုံးအသုံးအနှုန်း၊ ပြီးခဲ့ တဲ့အစိုးရအပေါ် ပြက်ရယ်ပြုတဲ့ အသုံးအနှုန်း၊ရှုတ်ချတဲ့အသုံးအနှုန်း တွေကို မှတ်တမ်းတင်ထားမယ်ဆို ရင် လွှတ်တော်လည်း မကောင်းပါ ဘူး။ ဒါကြောင့်မို့လို့ ပညာရေး အမှောင်ခေတ်ဆိုတဲ့အသုံးအနှုန်းကို ဖြုတ်ချပေးဖို့အတွက်တင်ပြအပ်ပါ တယ်''ဟု ထောက်ပြခဲ့သည်။
အဆိုပါ ထောက်ပြပြောကြား ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ''ပညာရေး အမှောင်ခေတ်ဆိုတဲ့ စကားလုံးကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက် ဖို့ဆုံးဖြတ်ပါတယ်''ဟု ကြေညာ ခဲ့သည်။