images
UN
UN
ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အစိုးရကျောင်းကိုးကျောင်းနှင့် လူနေအိမ်များပြောင်းရွှေ့ထားရ
ရွှေဇင်(ရေနံချောင်း) Tuesday, 14 August 2018
မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့နယ်တွင် ဧရာဝတီမြစ် ရေမြင့်တက်မှုကြောင့်အစိုးရကျောင်း ကိုးကျောင်း ပိတ်ထားရကြောင်း လူနေအိမ်များ ရွှေ့ထားရကြောင်း ရေနံချောင်းမြို့နယ် ပညာရေးမှူး ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှ သိရသည်။
ရေနံချောင်းမြို့နယ် ကျမ်းကိုင် ကျွန်းကျေးရွာအုပ်စု ကံသာကျေး ရွာက ဒေသခံတစ်ဦးက ''မြစ်ရေ တက်တာကြောင့် အစိုးရကျောင်း ပိတ်တယ်။ မြစ်ရေ တစ်ပေတက် တယ်။ ပြီးတော့လည်း လူနေအိမ် တွေမြစ်ကမ်းပြိုလို့ပြောင်းရတယ်။ ဒီနေ့ သုံးအိမ်ပြောင်းရတယ်။အခြား ရွာတွေဖြစ်တဲ့ ထနောင်းကုန်း ကျေးရွာ၊ မာန်မြေကျေးရွာ၊ ကျမ်း ကိုင်ကျွန်းရွာကျောင်းတွေပိတ်ထား ရတယ်ကြားတယ်''ဟုပြောသည်။
ရေနံချောင်းမြို့နယ် မာန်မြေ ကျေးရွာ၊ မိန်းမလှကျွန်းကျေးရွာ တွင် မြစ်ရေဝင်မှုကြောင့် ယနေ့မှာ လူနေအိမ်လေးစုကို ဘုရားကုန်းရေ ဘေးရှောင်စခန်းသို့ရွှေ့ပြောင်းထား ရပြီး ယခင်တစ်ပတ်က မာန်မြေ ကျေးရွာ၊ကံသာကျေးရွာက အိမ် ထောင်စု ၂၈ စုရေဘေးရှောင်နေရ တယ်''ဟုရေနံချောင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြော သည်။
ပိတ်ထားရသော ကျောင်းများ မှာ မာန်မြေကျေးရွာအုပ်စု မာန်မြေ မြောက်ကျေးရွာ မူလတန်းကျောင်း၊ မာန်မြေအရှေ့ကျေးရွာ မူလတန်း ကျောင်း၊ မာန်မြေကျေးရွာအလယ် တန်းကျောင်း၊ ထနောင်းကုန်းကျေး ရွာမူလတန်းကျောင်း၊ မိန်းမလှ ကျွန်းကျေးရွာ မူလတန်းကျောင်း၊ ကျမ်းကိုင်ကျွန်းကျေးရွာ အလယ် တန်းကျောင်း၊ ကံသာကျွန်းကျေး ရွာ အလယ်တန်းကျောင်း၊ ရှား တောကျေးရွာ မူလတန်းကျောင်း၊ လမ်းကူးကျေးရွာမူလတန်းကျောင်း စသည့် ကျောင်းကိုးကျောင်းကို ပိတ်ထားရကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။
ယခုလ ၇ ရက်၊ ၈ ရက်က နှစ်ကျောင်းသာ ပိတ်ထားရသော် လည်း ယမန်နေ့က ကျောင်းခုနစ် ကျောင်းပိတ်လိုက်ရကြောင်း၊ မြစ် ရေမှာ တစ်ပေဝန်းကျင်အထိ အဆို ပါကျောင်းများ၌ရေဝင်နေကြောင်း သိရသည်။
မြစ်ရေဝင်မှုကြောင့် ကျောင်း ကိုးကျောင်း ပိတ်ထားရသည်မှာ မှန်ကြောင်း၊မြစ်ရေကျပါကကျောင်း ကို ရက်အစား ထိုးပြန်တက်ရမှာ ဖြစ်ကြောင်းရေနံချောင်းမြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။