images
UN
UN
အစိုးရများ၏ ဆင်ဆာလုပ်မှုကို လူမှုကွန်ရက်များ ပိုမိုလိုက်နာလာဟုဆို
Wednesday, 15 August 2018
လက်ရှိအချိန်တွင် သုံးစွဲသူအများဆုံး လူမှုကွန်ရက်များသည် ကမ္ဘာပေါ်ရှိ အစိုးရ များ ဆင်ဆာလုပ်မှုများကို ပိုမိုလိုက်နာ ကျင့်သုံးလာကြောင်း ရုရှားတိုင်းမ်သတင်း ဌာနက ဖော်ပြသည်။
Facebook အပါအဝင် လူသုံးအများ ဆုံး လူမှုကွန်ရက်များသည် နိုင်ငံတစ်ခု ၏ အစိုးရတစ်ခုက ၄င်းကျင့်သုံးလျက်ရှိ သော မူဝါဒများနှင့်မကိုက်ညီသော ရေး သားဖော်ပြမှုများကို ဖယ်ရှားပေးရန် တောင်း ဆိုပါက ဖယ်ရှားပေးခြင်း၊ အသုံးပြုသူ များကို အသုံးပြုခွင့်ရပ်ဆိုင်းခြင်း အပါ အဝင် သုံးစွဲသူများကို ထိခိုက်စေမည့် လုပ်ဆောင်မှုများကို ပိုမိုလုပ်ဆောင်လာ ကြောင်း တွေ့ရှိထားသည်။ Facebookသည် ပြီးခဲ့သည့်လပိုင်းများအတွင်း၌ အမေ ရိကန်အပါအဝင် အစိုးရအချို့၏ တောင်း ဆိုမှုများကြောင့် ကန့်သတ်ထားသည့်စကား လုံးများပါဝင်သော ရေးသားဖော်ပြမှုများ အား ဖယ်ရှားရှင်းလင်းခြင်းနှင့်သုံးစွဲသူ များအား သုံးစွဲခွင့်အပြီးပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင် ဆိုင်ခဲ့ရသည်။
NG(Ref;RT)