images
UN
UN
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်Rota ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာဟောပြော
သူရကို Wednesday, 15 August 2018
မိုးရာသီကာလတွင် အဖြစ်များ လေ့ရှိသော ဝမ်းပျက်ဝမ်းလျှော ရောဂါက Rota ဗိုင်းရပ်စ်ကြောင့် ရာခိုင်နှုန်း ၉ဝနှင့် ဗက်တီးရီး ယားကြောင့် ငါးရာခိုင်နှုန်းအဖြစ် များကြောင်း ယမန်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ သည့် ဝမ်းပျက်ဝမ်းလျှောအကြောင်း သိကောင်းစရာဟောပြောပွဲမှ သိ ရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါသည် နာတာရှည်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ရုတ်တရက်ဝမ်းပျက် ဝမ်းလျှောရောဂါဟုဆိုပြီး အမျိုး အစား နှစ်မျိုးဖြစ်လေ့ရှိကြောင်း သိရသည်။
အဆိုပါ ဝမ်းပျက် ဝမ်းလျှော ရောဂါများနှင့်ပတ်သက်၍ နာတာ ရှည်ဝမ်းပျက်ဝမ်းလျှော ရောဂါက အဖြစ်နည်းပြီး ရုတ်တရက်ဝမ်း ပျက်ဝမ်းလျှောရောဂါက ကမ္ဘာ့ လူဦးရေသန်းနှစ်ထောင်ကျော်ခန့်မှာ ခံစားနေရခြင်းဖြစ်ကြောင်း သိရ သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားရသည့် အဓိကအကြောင်း ရင်းမှာ မသန့်ရှင်းသော အစား အစာ၊ ရေ၊ မသန့်ရှင်းအသုပ်များ၊ သားစိမ်းငါးစိမ်းများ၊ အမှည့်လွန် အသီးများ၊ ယင်နားစာများ၊ ရက် လွန်မလတ်ဆတ်သော အစားအစာ များ အစရှိခြင်းများတွင် ပါဝင် သော Rota ဗိုင်းရပ်စ်ကြောင့်ဖြစ် ကြောင်း သိရသည်။
လွန်ခဲ့သော ဆယ်စုနှစ်သုံးစုခန့် က ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သေဆုံးမှုနှုန်းကို ကာကွယ်ဆေး ထိုးခြင်း၊ အာပာာရပြည့်ဝစွာ ကျွေးခင်း၊ တစ်ကိုယ်ရေသန့်ရှင်း ခြင်းတို့ကိုလုပ်ဆောင်ပြီး များစွာ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။