images
UN
UN
လမ်းသရဲ လမ်းဘီလူးခေတ်မှသည်
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 15 August 2018
စစ်ကိုင်းမြို့ ဖြူကံရပ်ရှိ အထက (-) ဂန္ဓမာကျောင်းဆောင်ရှေ့၌ ၁ဝ တန်း ကျောင်းသားလေးဦးနှင့် ကိုးတန်းကျောင်း သူသုံးဦးတို့ တုတ်၊ ဓား၊ သံလက်သီး များကိုင်ဆောင်ကြပြီး တစ်ရက် နံနက် ၈ နာရီခွဲအချိန်က ခိုက်ရန်ဖြစ်ပွားခဲ့ကြ သဖြင့် ကိုးတန်းကျောင်းသားသုံးဦးနှင့် ၁ဝ တန်းကျောင်းသားတစ်ဦးတို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြပြီး စစ်ကိုင်းမြို့ခုတင် ၂ဝဝ ပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသ မှုခံယူနေရကြောင်း၊ ထိုနေ့က စစ်ကိုင်း တောင်ပေါ်၌ ကိုးတန်းကျောင်းသားအဖွဲ့ နှင့် ၁ဝ တန်း ကျောင်းသားအဖွဲ့တို့ ဖြစ်ပွားခဲ့ကြသည့် ရန်ငြိုးရန်စကြောင့် ကျောင်းဖွင့်သည့် နံနက်တွင် ၁ဝတန်း ကျောင်းသားအဖွဲ့က ကိုးတန်းကျောင်း ဆောင်ရှေ့၌ ကိုးတန်းကျောင်းသားသုံး ဦးကို ဝင်ရောက်ရိုက်နှက်ထိုးကြိတ်ခဲ့ ကြောင်း ရက်အနည်းငယ်အတွင်း နေ့စဉ် သတင်းစာများတွင် ဆက်ကာဖတ်ရှုလိုက် ရ ပါသည်။
ကိုးတန်း ၁ဝ တန်းကျောင်းသား ခုနစ်ယောက်သည် ၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်၊ ၁၇ နှစ် အရွယ်လေးများ သာရှိကြသေးရာ သူတို့မိဘများကို စာနာ သနားနေမိပါသည်။ မိဘများနှင့်မခြား မေတ္တာနှင့် သံယောဇဉ်ထားနေကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမ များကိုလည်း မည်ကဲ့သို့ ခံစားနေကြရ လေမလဲဟု ကိုယ်ချင်းစာနေမိပါသည်။
မကြာသေးမီကလည်း စစ်ကိုင်းမြို့ နှင့် နယ်ချင်းထိစပ်နေသော မန္တလေး တိုင်းဒေသကြီးထဲမှ မြို့နယ်တစ်မြို့နယ် ရှိ အထကကျောင်းမှ အထက်တန်း ကျောင်းသားနှစ်ဦး နောက်ပြောင်ကျီစယ် ကြရင်းက ကျောင်းသားတစ်ယောက်က ဓားဖြင့်ထိုးသဖြင့် ကျောင်းသားတစ် ယောက်သေဆုံးခဲ့ရသည်။ ရန်ကုန်တိုင်း ဒေသကြီးထဲရှိ မြို့သစ်တစ်မြို့နယ်တွင် လည်း ရှစ်တန်းကျောင်းသားသုံးယောက် ဖုန်းထဲမှ အပြာကား၊ အပြာဓာတ်ပုံများ၊ ညစ်ညမ်းပြကွက်များအကြောင်း ပြောဆို ငြင်းခုံကြရင်းက ဓားဖြင့်လှီးဖြတ်မှုဖြစ် ပွားခဲ့သေးသည်။
ဆယ်ကျော်သက်အရွယ်ကျောင်းသား လေးတွေ ယခုကဲ့သို့ ခိုက်ရန်ဖြစ်ပွားကြ သည်မှာ မထူးဆန်းသော်လည်း သေ ကျေဒဏ်ရာရနိုင်လောက်သည့် တုတ်၊ ဓား၊ သံလက်သီးများကို လက်နက် သဖွယ် ကိုင်တွယ်ရန်ပြုလာကြတာကို တော့ အချိန်မီကြိုတင်ကာကွယ်တားဆီး ကြဖို့ မိဘဆရာများနှင့် တာဝန်ရှိကြသူ များ အလေးအနက်ထား စဉ်းစားကြ စေချင်ပါသည်။ အမှိုက်ကစ ပြာသာဒ်မီး လောင်ဆိုသလို အကျယ်အကျယ်မငြိမ်း ဖွယ်ပြဿနာကြီးငယ်မျိုးစုံ ဖြစ်ပွားလာ နိုင်ပါသည်။ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်သည်ဆိုသော စကားပင်ရှိခဲ့ သည်မဟုတ်ပါလား။
''အမျိုးသားစည်းကမ်းအစ၊ စာသင် ကျောင်းက''ဟူသောဆောင်ပုဒ်ကို ရှေး ခေတ်က စာသင်ကျောင်းများတွင်ရှိခဲ့ကြ သည်။ ကျောင်းစည်းကမ်း၊ အိမ်စည်း ကမ်း၊ လမ်းစည်းကမ်း စသည့်စည်းကမ်း များနှင့် ပြည်သူ့နီတိကျင့်ဝတ်များကို ဗုဒ္ဓစာပေများနှင့် တွဲဖက်သင်ကြားပေး ခဲ့ကြသည်။ အနိမ့်ဆုံးအဆင့် ၃၈ ဖြာ မင်္ဂလာတရားတော်ကို နားယဉ်အောင် ပျိုးထောင်လေ့ကျင့်ပေးခဲ့ကြသည်။ ထို့ ကြောင့် ယနေ့မြင်တွေ့နေကြရသော လူငယ်တချို့ထက် ယဉ်ကျေးသိမ်မွေ့ ခဲ့ကြသည်။ ရိုင်းစိုင်းရက်စက်မှုများ မရှိ ကြ။ ဆရာမိဘများကို ချစ်ကြောက်ရိုသေ ကြသည်။
''နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုး လိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူ၏'' ဟူသော သြဝါဒနှင့်အညီ ဆရာဆရာမ များက နာသုံးနာကို အရင်းခံကာ ပြောဆို ရိုက်ပုတ်ဆုံးမ၍ မရသောခေတ်စနစ်ဖြစ် နေ၍ ပို၍ဆိုးရွားသောင်းကျန်းရမ်းကား လာကြသည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး လောင်းကစားသမား၊ အရက်သမား၊ အပျော်အပါးလိုက်စားနေကြသော ဖခင် များ၊ ပိုကာဒေါင်း ပကာသန ဦးထုပ် ဆောင်းဟန်ရေးပြနေကြသောမိခင်များ၊ သံယောင်လိုက်နေကြသော တတ်ယောင် ကား ဖခင်၊ မိခင်များထဲမှ တချို့က ဆရာဆရာမက သူတို့သားသမီးများကို ရိုက်နှက်ဆုံးမမိပါက ဘုမသိ ဘမသိကြ ဘဲ 'ဒီမိုကရေစီ'နှင့် 'လူ့အခွင့်အရေး' စကားလုံးကြီးတွေကို ဟစ်ကြွေးကာ ပြဿနာရှာလေ့ရှိကြသောကြောင့် ပြော ဆိုဆုံးမ၍မရကြသော တပည့်များကို ဆရာဆရာမများက ဥပေက္ခာပြု လျစ် လျူရှုလိုက်ကြတော့သည်။ ထို့ကြောင့် တချို့ကျောင်းသားကျောင်းသူများ စည်း ကမ်းပျက်၊ အကျင့်ပျက်၊ မိုက်ရိုင်း နေကြခြင်းဖြစ်သည်။
တချို့ရိုးသားလှသော မိဘများခမျာ သူတို့၏သားသမီးများ အပေါင်းအသင်း မှားကြသဖြင့် သားသမီးဆိုးများဖြစ်သွား ကြရာ ထိုသားဆိုးသမီးဆိုးတို့၏ ဒဏ်ကို ခံနေကြရပါသည်။ ''သားသမီးငယ်က၊ မဆုံးမသော်၊ မိဘတစ်လည်၊ ရန်သူမည် ၏''ဟူသောစကားသည် အလွန်ပင် မှန် ကန်လှပါသည်။
ယနေ့ အသက် ၇ဝ အရွယ်တန်း ကျွန်တော်တို့လို လူအိုကြီးတွေ၊ အထက် တန်းကျောင်းသားကျောင်းသူအရွယ်က ''လမ်းသရဲဂိုဏ်း၊ လမ်းဘီလူးဂိုဏ်း တွေ''ခေတ်စားခဲ့ကြပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံသည် ပြည်ပ နိုင်ငံများနှင့်ဆက်သွယ်ဝင်ထွက်သွား လာခဲ့ကြရင်းက ပြည်ပမှ သရုပ်ပျက် ယဉ်ကျေးမှုများစွာ ပြည်တွင်းသို့ ဝင် ရောက်လာခဲ့ကြသည်။ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများထဲမှ သရုပ်ပျက်သရုပ် ဆောင်မှုများ၊ ဝတ်စားဆင်ယင်မှုများကို ပြည်တွင်းရှိ လူငယ်များက အားကျအတု ယူလာခဲ့ကြသည်။
ပြည်ပကဝင်လာသမျှ ကို အထင်ကြီး အတုခိုးလာခဲ့ကြသည်။
နောက်ပိုင်းတွင် လူငယ်တွေ၏ သဘောသဘာဝအရ ဝါသနာအကျင့် စရိုက်တူသော လူငယ်အပေါင်းအသင်း အချင်းချင်း အုပ်စုလေးတွေဖွဲ့ခဲ့ကြပြီး ထင်ပေါ်ကျော်ကြား လူသိများအောင် အမည်နာမအမျိုးမျိုးသတ်မှတ်ခဲ့ကြသည်။ ထိုအမည်နာမတွေထဲတွင်''လမ်းသရဲ'' ဟူသော ဝေါဟာရက ရှေ့ဆုံးပေါ်လာ ခဲ့သည်။ ၁၉၅၇-၁၉၅၈ ခုနှစ်မှာ စတင် ပေါ်ပေါက်လာခဲ့သော''လမ်းသရဲဂိုဏ်း'' များ၏အင်အားသည် ဂိုဏ်းပေါင်း ၅ဝ ကျော်ခဲ့သည်။ ထိုဂိုဏ်း ၅ဝ ကျော်ထဲ တွင် ယောက်ျားလေးလမ်းသရဲဂိုဏ်း၊ မိန်းကလေးလမ်းသရဲဂိုဏ်းဟူ၍ ခွဲထား သေးသည်။
''ယောက်ျားလေးလမ်းသရဲဂိုဏ်း'' များမှာ (၁) စိန်ဂေါ်လီဂိုဏ်း (ကြည့်မြင် တိုင်၊ စမ်းချောင်း၊ အင်းစိန်)၊ (၂) ငါးမန်း ဂိုဏ်း(ရန်ကုန်အရှေ့ပိုင်း)၊ (၃)ကျားခေါင်း ဂိုဏ်း၊ (၄)ကျားသစ်နက်ဂိုဏ်း (ဗဟန်း မြို့နယ်)၊ (၅)စကြာ သို့မဟုတ် ဟစ် တလာဂိုဏ်း၊ (၆)သံဂေါ်လီဂိုဏ်း၊ (၇) ဆာဘူးဂိုဏ်း၊(၈)ဦးဘူးဂိုဏ်း(၂၄ လမ်း)၊ (၉)ဖူးမန်ချူးဂိုဏ်း၊ (၁ဝ) သိန်းပျံဂိုဏ်း၊ (၁၁)စိန်မဂိုလ်ဂိုဏ်း (ပန်းဘဲတန်း)၊ (၁၂)သိန်းနက်ဂိုဏ်း၊ (၁၃) ယက္ခဂိုဏ်း (ကြည့်မြင်တိုင်)၊ (၁၄)ကျွဲခေါင်းဂိုဏ်း (တာမွေ)၊ (၁၅) အန္တရာယ်ခေါင်းဂိုဏ်း၊ (၁၆) ဂျီ-၇ ဂိုဏ်း၊ (၁၇)ဘိ(တ်) ဂိုဏ်း၊ (၁၈) ဝဝ၂ ဂိုဏ်း၊ (၁၉) ဝဝ၇ ဂိုဏ်း၊ (၂ဝ) ဝဝ၉ ဂိုဏ်း၊ (၂၁) ဒေါက်တာ နိုးဂိုဏ်း(လမ်းမတော်၊ ကြည့်မြင်တိုင်)၊ (၂၂)ဓားကောက်ဂိုဏ်း (ကြည့်မြင်တိုင်)၊ (၂၃)ဂိုးလ်ဖင်းဂါးဂိုဏ်း၊ (၂၄) ဗွိုင်းဂိုဏ်း၊ (၂၅)ပရီးဖေ့စ်ဂိုဏ်း၊ (၂၆)ပုလဲနက်ဂိုဏ်း (ကမာရွတ်၊ လှည်းတန်း)၊ (၂၇)မိသားစု လူငယ်ဂိုဏ်း၊ (၂၈)နှုတ်ခမ်းမွေးဂိုဏ်း၊ (၂၉)ချိုသုံးချောင်းဂိုဏ်း၊ (၃ဝ) ဂျီမင်း ဂိုဏ်း၊ (၃၁)လူနီဂိုဏ်း၊ (၃၂)ဒေါက်တာ မားဘွတ်ဂိုဏ်း၊ (၃၃) ဝဝ၁ ဂိုဏ်း၊ (၃၄)တစ်လုံးဂိုဏ်း၊ (၃၅) ပါးကွက်ရိုက် လူငယ်ဂိုဏ်း၊ (၃၆) အင်္ကျီမည်းဂိုဏ်း၊ (၃၇)ပုဆိန်မင်းဂိုဏ်း၊ (၃၈) ကြောင်နက် ဂိုဏ်း၊ (၃၉)နဂါးနက်ဂိုဏ်း၊ (၄ဝ) ပင့်ကူ ဂိုဏ်း၊ (၄၁)လင်းနို့ဂိုဏ်း(အမှတ် ၂ နယ် မြေမြောက်ဥက္ကလာပ)၊ (၄၂) စိန်ဘိလပ် ဂိုဏ်း၊ (၄၃)စိန်ရဲတင်းဂိုဏ်း၊ (၄၄) ဘတ် ဖဲလိုးဂိုဏ်း(ကြည့်မြင်တိုင် အမှတ် ၅နယ် မြေ)၊ (၄၅) အက်ဖ်ဘီအိုင်ဂိုဏ်း (အလုံ)၊ (၄၆)ရက်(ဒ်)စတားဂိုဏ်း(ဗိုလ်တထောင် အမှတ် ၇ နယ်မြေ)၊ (၄၇) ဂေါ်လီဂိုဏ်း (တာမွေ)၊ (၄၈) ငလက်မဂိုဏ်း (သာ ကေတအမှတ် ၁ဝ နယ်မြေ)၊ (၄၉) သံ လက်သီးဂိုဏ်းနှင့် (၅ဝ)ငါးမန်းစွယ် ဂိုဏ်းတို့ ဖြစ်ကြသည်။
''မိန်းကလေးလမ်းသရဲဂိုဏ်း'' များမှာ (၁)ကြည့်မြင်တိုင်မှ ကြယ်ငါး ပွင့်ဂိုဏ်း၊ (၂)လမ်းသရဲမ (မြောက် ဥက္ကလာ)၊ (၃)အိုမီဂါဂိုဏ်း (အလုံ-ဂျင်မခါနာတစ်ဝိုက်)၊ (၄)စိန်မျက်ခုံး ဂိုဏ်း(အလုံ)၊ (၅) ပါးကွက်ကျားမ (တာမွေ)တို့ ဖြစ်ကြသည်။
လမ်းသရဲများ၏ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများမှာ ဆံပင်အရှည်ကြီးများ ထားကြသည်။ တောထဲနှင့်တောင်ပေါ် များတွင် အနေများပြီး ဆံပင်မညှပ်နိုင် သော အမျိုးသားကြီးများပုံစံမျိုးဖြစ် သည်။ အီးပေါက်(လေလည်လျှင်) လေ ဘယ်ကထွက်ရမှန်းမသိနိုင်အောင် ကျပ် ညပ်နေသော ဘောင်းဘီရှည်ကြီးများကို ဝတ်ဆင်ကြသည်။ ဘောင်းဘီမဝတ်နိုင် ကြသူများက ပုဆိုးချက်ပြုတ်ဝတ်ထား ကြသည်။ အင်္ကျီဝတ်လျှင် အပေါ်ကြယ် သီးနှစ်လုံးကို မတပ်ဘဲ ရင်ဘတ်ကိုဟ ထားကာ ကော်လာကိုထောင်ထားကြ သည်။ လက်မောင်းတွေမှာလည်း လမ်း သရဲဂိုဏ်းနာမည်များနှင့် သူတို့ဂိုဏ်းတံ ဆိပ်အမှတ်အသားများကို ဆေးမင်ကြောင် ထိုးထားကြသည်။ မိန်းကလေးလမ်းသ ရဲများကတော့ ဆံပင်ပုံစံကို အိုမီဂါနာရီ တံဆိပ်(အိုမီဂါပုံစံ)ထားကြသည်။ ဂငယ် ကို ဘေးနှစ်ဖက်ကော့လန်ထားသည့်ပုံစံ ဖြစ်သည်။ ကာတွန်းဇာတ်ကောင်''ကို လေးပွ''ဆံပင်ပုံစံမျိုးဖြစ်သည်။
ထိုလမ်းသရဲများ၏ သရုပ်ပျက်မှုကို ကျောင်းဆရာ၊ ကဗျာဆရာ ''စလင်းခင် မောင်ရည်''က ''ဆရာနှင့်သူ၏ကျောင်း သားများ''ဟူ၍ ကဗျာစပ်ခဲ့ရာ''အထက် တန်းကဗျာလက်ရွေးစင်''စာအုပ်ထဲတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။ ၁ဝ တန်း မြန်မာစာဘာသာရပ်ထဲတွင် စလေဦး ပုည၏ ဝတ္ထုလေးပုဒ်၊ သိပ္ပံမောင်ဝ ဝတ္ထု ဆောင်းပါးများနှင့်တွဲဖက်၍ သင်ကြားခဲ့ရ သည်ကို မှတ်မိနေပါသေးသည်။
ဆရာနှင့် သူ၏ကျောင်းသားများ
- ကြယ်သီးမတပ်၊ ရင်ကိုလှပ်၍
ကြားညှပ်ဘောင်းဘီ၊ ဆံပင်ရှည်သည်
မြန်ပြည်ဖွားမှ၊ ဟုတ်ပါစ။
- အင်္ကျီခါးစည်း၊ အိတ်တွင်ဘီးနှင့်
လျော့လျည်းခါးဝတ်၊ ကျွတ်လုလု သည်
လေညုပါက၊ လျှောတော့မျှ။
- အနောက်ကတေး၊ သံပြားသေးနှင့်
ဟစ်ကြွေးသံပြိုင်၊ ဂီတာကိုင်သည်
နှစ်တိုင်ဝေးမှ၊ ကြားနေရ။
- တာဝန်လည်းမဲ့၊ စည်းကမ်းဖဲ့၍
ယိမ်းနဲ့မဏ္ဍိုင်၊ အကျင့်ယိုင်သည်
မခိုင်နိမ့်ကျ၊ စာရိတ္တ။
- လူမှုမကျေ၊ လမ်းမှာတေ၍
စာပေမချစ်၊ အတန်းလစ်သည်
ခေတ်ကိုကျောခိုင်း၊ တပည့်ရိုင်း။
- အနုကဗျာ၊ တေးကဗျာနှင့်
ရိုးရာဂီတ၊ စာပေမှသည်
မြန်မာ့ဓလေ့၊ မြန်မာငွေ့ဖြင့်

လက်တွေ့ထင်ဟပ်၊ သင်စာညှပ်ကာ
ကြပ်မတ်ညွှန်ပြ၊ တိတကျဖြင့်
ပြည်ရွာ့ဝန်ထမ်း၊ ဆရာ့လမ်းဝယ်
ပုံပန်းမကျ၊ ဤလောကကို
မြင်ရလေတိုင်း မောတကား။
''ဆရာစလင်းခင်မောင်ရည်''၏ လမ်းသရဲရှုတ်ချကဗျာကို ပြန်လည်ရွတ် ဆိုမိရင်းက ယနေ့မြင်တွေ့နေရသော ''စာပေလမ်းသရဲ''အချို့ကို မြင်ယောင် လိုက်မိပါသေးသည်။
ထိုခေတ်က လူငယ်သဘာဝ၊ လမ်း သရဲဂိုဏ်းတွေနှင့်အပြိုင် ''လမ်းဘီလူး ဂိုဏ်း''တွေ ပေါ်ပေါက်လာခဲ့ကြသည်။ လမ်းသရဲတွေက ဆံပင်ရှည်ထား၊ ဘောင်းဘီဖင်ကျပ်တွေဝတ်ဆင်ထားကြ သည်ကို ဆန့်ကျင်သည့်အနေဖြင့် လမ်း ဘီလူးတွေက ဆံပင်လုံးဝမရှိသောခေါင်း တုံး (ကတုံး)များတုံးထားကြပြီး ကြွက် ဝင်ကိုက်နိုင်သော ခေါင်းလောင်းဘောင်း ဘီအပွကြီးများကို ဝတ်ဆင်ထားကြ သည်။
လမ်းသရဲဂိုဏ်းအချင်းချင်း၊ သံလက် သီး၊ ငါးမန်းစွယ်၊ ပုဆိန်၊ ချိန်းကြိုးများ နှင့်အပြန်အလှန် ထိုးခုတ်ရိုက်နှက်ခဲ့ကြ သကဲ့သို့ လမ်းသရဲများနှင့် လမ်းဘီလူး များ စိန်ခေါ်ချိန်းဆိုရိုက်နှက်ခဲ့ကြသည်။ သူတို့ပြဿနာက ကြီးထွားလာခဲ့၍ တာဝန်ရှိသူများက တားဆီးနှိမ်နင်းခဲ့ရာ၊ ၁၉၆၂ ခုနှစ်တွင် သူတို့အရှိန်ကျဆင်း သွားခဲ့သည်။ သို့သော် ၁၉၆၉ခုနှစ်တွင် ပြန်လည်သောင်းကျန်းလာခဲ့ရာ ချင်း တောင်တန်းအပေါ်အထိ ကူးစက်ပြန့်ပွား လာခဲ့သည်။ ထို့ကြောင့် တာဝန်ရှိသူများ က စီမံချက်ရေးဆွဲချမှတ်ပြီး ကြပ်ကြပ် မတ်မတ်နှိမ်နင်းခဲ့ရာ၊ ၁၉၇ဝ ပြည့်နှစ် တွင် ထိုဂိုဏ်းများလျော့နည်းပျောက်ကွယ် သွားခဲ့သည်။ သို့သော် ''သေမင်း ဖြူဟုခေါ်သောဘိန်းဖြူ''က လူငယ်ထု အတွင်းထိုးဖောက်ဝင်ရောက်လာခဲ့သည်။
၁၉၈၁ ခုနှစ်တွင် အိမ်ခြေရာခြေမရှိ ကြသော ဂျစ်ပစီလူမျိုးများ၏ ''ဘရိတ် ဒန့်စ်''တွေ ခေတ်စားလာခဲ့ပြန်သည်။ လမ်းဆုံလမ်းခွများမှာ ကက်ဆက်များကို ချကြကာ ဇောက်ထိုးမိုးမျှော် ကင်းမြီး ကောက်ထောင်ပြီး အပြိုင် ကခဲ့ကြသည်။ မူးယစ်ဆေးတွေ မှီဝဲသုံးဆောင်ကြပြီး အသိစိတ်တွေပျောက်၊ အရိုင်းစိတ်တွေ ဝင်၊ ရိုက်ပွဲတွေဖြစ်၊ ပြဿနာမျိုးစုံကို ကြုံတွေ့ကြရသောကြောင့် တာဝန်ရှိသူ များက တစ်နိုင်ငံလုံးကို အမိန့်ထုတ်ပြန် ကာ နှိမ်နင်းရှင်းလင်းခဲ့ရသည်။
ထိုခေတ်နောက်ပိုင်းတွင် လူငယ်ထု ကြားမှ ဆိုးသွမ်းရမ်းကားသော လူငယ် များကို ''ဆိုးသွမ်းလူငယ်''ဟု သတ် မှတ်ပြီး ဖမ်းဆီးနှိမ်နင်းခဲ့သည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲ နေသလို လူငယ်ရေစီးကြောင်းလည်း ပြောင်းလဲနေပါသည်။ လွန်ခဲ့သောနှစ် ပေါင်း ၅ဝ ကျော်ကာလက လမ်းသရဲ တွေက ဘောင်းဘီရှည်ဖင်ကျပ်များကို သာ လုံလုံခြုံခြုံဝတ်ဆင်ခဲ့ကြသော်လည်း ယနေ့အမျိုးသမီးငယ်တချို့ကမူ ပေါင် ရင်းရောက်နေသောဘောင်းဘီတို၊ ဖင် ကျပ်များကိုဝတ်ဆင်သွားလာနေကြရာ အလွန်ပင် အော့နှလုံးနာစရာကောင်းနေ ပါသည်။ တချို့မိန်းကလေးများကလည်း အင်္ကျီလက်ရှည်၊ တင်ပါးဖုံးရုံကိုအောက်ခံ ဘောင်းဘီလေးနှင့်သာ သွားလာနေကြ ရာ ဘောင်းဘီမဝတ်ဘဲ အင်္ကျီလက်ရှည် ကိုဝတ်ပြီးသွားလာနေသော စိတ်ဝေဒနာ ရှင်ဟု ထင်မှတ်နေကြသည်။ ရှက်ကြော ပြတ်နေသောမိန်းကလေးအချို့ကြောင့် မုဒိမ်းမှုတွေ တိုးပွားလာနိုင်ပေသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံအရ မိန်းမပျိုလေးတွေ ဣနြေ္ဒသိက္ခာရှိစေသော ဝတ်စားဆင်ယင်ထုံးဖွဲ့မှုကို အလေးထား လိုက်နာစေခဲ့သည်။ အိမ်ထောင်သည် အမျိုးသမီးကြီးငယ်များပင် ရေချိုးခန်း ဝင်ခါနီးတွင် ထဘီရင်ရှားပြီးအပေါ်ပိုင်း ကို မမြင်ရအောင် တဘက်များနှင့်လွှမ်း ခြုံထားခဲ့ကြရသည်။ ယခုတော့ မမြင် သင့်မမြင်အပ်တာတွေကို အပြိုင်အဆိုင် အလုအယက်ပြသနေကြခြင်းသည် ခေတ် မီတာလား၊ မြှူဆွယ်တာလား။ လေလံ ပစ်နေတာလား။ အဓမ္မပြုကျင့်ခံချင်လို့ ဖိတ်ခေါ်နေတာလားဟု မေးရမလိုဖြစ်နေ ပေပြီ။
လမ်းသရဲ၊ လမ်းဘီလူးခေတ်ထက် ယနေ့မျက်မှောက်ကာလ ပို၍ဆိုးရွားနေ ခြင်းမှာ မူးယစ်ဆေးဝါးများ၊ ဖုန်းများမှ တစ်ဆင့် မြင်တွေ့နေရသော ညစ်ညမ်း ပြကွက်များ၊ မြှူဆွယ်မှုများ၊ သရုပ်ပျက် ဝတ်စားဆင်ယင်ပြောဆိုလှုပ်ရှားမှုများ၊ ရိုင်းစိုင်းရမ်းကား ရက်စက်မှုများကြောင့် ဖြစ်ပါသည်။ အဆိုးရွားဆုံးက စာမဖတ် ကြတော့ဘဲ ဖေ့စ်ဘုတ်ထဲက ဆဲနည်းမျိုး စုံကိုပဲ အာရုံရောက်နေကြခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့၊ မေတ္တာ တော်အခါနေ့ကိုလည်း မသိကြတော့ပေ။ ''မိဘမေတ္တာ''ဆိုတာ လမ်းထိပ်က ထမင်းဆိုင်ရဲ့အမည်ပါ''ဟု ပြက်ရယ် စကားပြောကြားနေကြခြင်းပင်။
''ပညာမတတ်လျှင် ကိုယ်တစ်ခြမ်း သေ၊ စာရိတ္တပျက်လျှင် တစ်ကိုယ်လုံး သေ''ဟူသော ဆုံးမသြဝါဒရှိရာ တစ် ကိုယ်လုံးသေမည့်လူတွေ များပြားလာပါ သည်။
သို့ဖြစ်ရာ မိဘဆရာများနှင့် တာဝန် ရှိသူများ၊ စဉ်းစားဆင်ခြင်ပြုပြင်ကြဖို့ လိုအပ်လှပါသည်။ ''လက်ဦးဆရာ မည် ထိုက်စွာ ပုဗ္ဗာစရိယမိနဲ့ဖ''ဟူသော ဆို စကားနှင့်အညီ မိဘအုပ်ထိန်းသူတွေက သားသမီးတွေ၏ စံပြများဖြစ်နေကြရပါ မည်။ ဒုတိယတာဝန်ရှိကြသူများက ကျောင်းဆရာ ဆရာမများဖြစ်ကြရာ ကျောင်းစာများသာမက ဘာသာရေး၊ ယဉ်ကျေးလိမ္မာရေး၊ပေါင်းသင်းဆက်ဆံရေး ပြည်သူ့နီတိကျင့်ဝတ်များကို ကြားညှပ် သင်ကြားပေးနေကြရပါမည်။ တတိယ တာဝန်ရှိကြသူများကတော့ အုပ်ချုပ်ရေး ပိုင်