images
UN
UN
နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များအတွင်း ပြည်သူများ၏နစ်နာချက်များ တိုင်ကြားချက်များ အကြံပြုချက်များကို နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် တိုင်ကြားစာလက်ခံရေးအဖွဲ့သို့ပေးအပ်နိုင်
ဟန်လေး Wednesday, 15 August 2018
နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များအတွင်း ပြည်သူများ၏ နစ်နာချက်များ၊ တိုင်ကြားချက် များ၊ အကြံပြုချက်များကို နိုင်ငံ တော်သမ္မတရုံးမှ ဖွဲ့စည်းပေးထား သည့် တိုင်ကြားစာလက်ခံရေးအဖွဲ့ ထံသို့ပေးအပ်ကြရန် နိုင်ငံတော် သမ္မတရုံးကယနေ့ရက်စွဲဖြင့်သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အကြီးအကဲများထံသို့ ပေးပို့သော အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၏တင်ပြစာ၊ တိုင် ကြားစာ၊ အသနားခံစာများကို နိုင်ငံတော်သမ္မတရုံး တိုင်ကြား စာဌာနဆက်သွယ်ရန် ဖုန်း/ဖက်စ် နံပါတ် ဝ၆၇-၃၄ဝ၉၁၁၇က မှတ် တမ်းရေးသွင်း၍ ခိုင်လုံမှုရှိ/မရှိ စစ်ဆေးခြင်း၊ ခိုင်လုံမှုရှိသော စာများကို သက်ဆိုင်ရာဌာနအသီး သီးသို့ ပေးပို့စိစစ်ဆောင်ရွက်စေ ပြီး တင်ပြသူထံပေးပို့စာ လက် ခံရရှိကြောင်း ပြန်ကြားပေးခြင်း၊ နိုင်ငံတော်အကြီးအကဲများထံသို့ သက်ဆိုင်ရာဌာနအသီးသီးကဆောင် ရွက်မှုများ ပြန်လည်ပေးပို့လာ သည့်အခါ ဆက်လက်တင်ပြခြင်း၊ သတ်မှတ်ကာလအတွင်း ပြန်လည် ပေးပို့ခြင်းမရှိသော အမှုတွဲများ အတွက် စောင့်ကြပ်ကြည့်ရှုလျက် သက်ဆိုင်ရာဌာနသို့ ထပ်မံအသိ ပေးအကြောင်းကြားခြင်း၊ တိုင် ကြားတင်ပြစာများအပေါ် သက် ဆိုင်ရာဌာနများ၏ စစ်ဆေးတွေ့ ရှိချက်၊ ဖြေရှင်းပေးမှုအခြေအနေ များအား ကာယကံရှင်ပြည်သူများ ထံ အကြောင်းပြန်ကြားပေးခြင်း စသည့် လုပ်ငန်းစဉ်များကို အလေး အနက်ထား၍ ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ သို့သော် နိုင်ငံတော်အကြီးအကဲများ၏ ပြည် တွင်းခရီးစဉ်များအတွင်း ပြည်သူ တချို့က ၄င်းတို့၏နစ်နာချက်များ၊ တိုင်ကြားချက်များ၊ အကြံပြုချက် များကို ရေးသားတင်ပြထားသည့် စာများအား နိုင်ငံတော်အကြီးအကဲ များ၏လက်ဝယ်သို့ ကိုယ်တိုင် ကိုယ်ကျပေးအပ်နိုင်ရန် ကြိုးပမ်း ခဲ့ကြခြင်း၊ ထိုသို့ပေးအပ်ရန် အခွင့် မသာသည့်အချိန်အခါများတွင် အကြီးအကဲများ၏ ခရီးစဉ်အတွင်း ၌ စာများ၊ ပစ္စည်းများ ပစ်ပေး ခြင်းများကိုပြုလုပ်ခဲ့ကြခြင်းကြောင့် နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံ ရေးအတွက် ပြည်သူများအကြား တွင်စိုးရိမ်ပူပန်မှုများမြင့်တက်စေပြီး ဝေဖန်မှုများလည်း တိုးပွားလာ ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အကြီး အကဲများ၏ ခရီးစဉ်များအတွင်း ပြည်သူလူထုက တင်ပြလိုသော စာများ၊ တင်ပြချက်များကိုခရီးစဉ် နှင့်အတူလိုက်ပါလာမည့်နိုင်ငံတော် သမ္မတရုံးမှဖွဲ့ စည်းပေးထားသော တိုင်ကြားစာလက်ခံရေးအဖွဲ့ထံသို့ ပေးအပ်ကြပါရန်နှင့် ၄င်းအဖွဲ့မှ အဆိုပါတင်ပြစာများကို စနစ် တကျမှတ်ပုံတင်စာရင်းသွင်းလက်ခံ ၍ပျောက်ပျက်မှုမရှိစေဘဲနိုင်ငံတော် အကြီးအကဲများထံ တင်ပြနိုင်ရေး အလေးအနက်ထားစီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။