images
UN
UN
အောင်သပြေရပ်ကွက်တွင် ဘိန်းစိမ်းများရှာဖွေတွေ့ရှိသဖြင့် ဥပဒေနှင့်အညီအရေးယူ
ကချင်မြေနဂါး Wednesday, 15 August 2018
ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင် နေထိုင် သူတစ်ဦး၏နေအိမ်အား မူးယစ် ဆေးဝါးသတင်းအရ ဝင်ရောက် ရှာဖွေရာမှ ဘိန်းစိမ်းဂရမ် ၇၅ဝကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့် အညီ အရေးယူထားခဲ့သည်။
စုံစမ်းသိရှိရသည်မှာ ယမန်နေ့ နံနက် ၉နာရီ ၄၅မိနစ်တွင် မိုးညှင်း မြို့ မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ် နေလင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ သည် မိုးညှင်းမြို့မရဲစခန်းမှ တပ် ကြပ်ကြီး သန်းဇော်ဦးနှင့်အတူ သက်သေများလိုက်ပါလျက် မူး ယစ်ဆေးဝါးသတင်းအရ မိုးညှင်း မြို့ အောင်သပြေ(၂)ရပ်ကွက်တွင် နေထိုင်သော ဦးမြင့်သိန်း၏နေအိမ် ကို ဝင်ရောက်ရှာဖွေရာ ဦးမြင့်သိန်း အား နေအိမ်တွင်အသင့်တွေ့ရပြီး ၄င်းအိပ်သည့်အိပ်ခန်း ခုတင်ခေါင်း ရင်းရှိ ဂျင်းအင်္ကျီလက်ရှည်ဖြင့် ပတ်ထားသည့် အဖြူရောင်ကြွပ် ကြွပ်အိတ်အတွင်းမှ ဘိန်းစိမ်းဟု ယူဆရသော အမည်းရောင်အစေး ဂရမ်၃ဝဝနှင့် နေအိမ်ဧည့်ခန်း အတွင်း တီဗွီစင်ပေါ်ရှိ ဆောင်း ဘောက်အတွင်းမှ ကြွပ်ကြွပ်အိတ် ဖြင့်ထည့်လျက် ဘိန်းစိမ်းဟုယူဆ ရသော အမည်းရောင်အစေး ဂရမ် ၄၅ဝ စုစုပေါင်းဘိန်းစိမ်းဂရမ်၇၅ဝ ကာလတန်ဖိုးငွေကျပ် ၁၁၂၅ဝဝဝ ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ် နေလင်းထွန်းကသက်သေခံပစ္စည်း များကို သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်း ခဲ့သည်။
ထို့နောက် ရဲအုပ်နေလင်းထွန်း ကတရားလိုပြုလုပ်အမှုဖွင့်ခဲ့သဖြင့် ဦးမြင့်သိန်း(၆၂နှစ်) အောင်သပြေ (၂)ရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူ အား မိုးညှင်းမြို့မရဲစခန်းမှ မယ (ပ)၁၄၈/၂ဝ၁၈၊ ပုဒ်မ၁၉(က) ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရ သည်။