images
UN
UN
စာဖတ်ပါ(ကဗျာ)
မောင်လွယ်အိတ် Wednesday, 15 August 2018
* စာအစုံ ဖတ်ကာပ
မှတ်ပါကြ မြဲစွာ
ဓာတ်စာက စွဲလာမည်
မလွဲသာ ကြံခဲ။
မိတ်ဆွေစစ် မိတ်ဆွေမှန်ကို
စိတ်ဝေဖန် သိကြဖို့ပဲ။
* မွန်မြတ်သည့် စာပေသာ
ရှာဖွေရာ လွန်ကဲ
ကြာရှည်စွာ ဒွန်တွဲက
အချွန်ကဲဖြစ်မည်။
အလိမ္မာ စာမှာရှိသည်ဟု
စာကဝိ ဟောမိန့်ခဲ့သည်။
* စာတတ်မှ သာယာကြည်မည်
အာဇာနည် အကျင့်မျိုးကိုလ
တစ်ဆင့်တိုး ကြိုးစားလေ
နိုးကြားမသွေ။
စာတတ်လို့ စာဖတ်ချေမူ
သာမြတ်နေ စဉ်မြဲပလေး။
[အရိုးခံတေးထပ်]