images
UN
UN
တေးသံရှင်ဖော်ကာ၏ စတုတ္ထမြောက် 'စိတ်နဲ့လူ' တေးအယ်လ်ဘမ် သြဂုတ်၁၈ရက်ထွက်မည်
ဒဂုံဝေလင်း Friday, 17 August 2018
Wanted အဖွဲ့မှ တေးသံရှင် ဖော်ကာ၏ စတုတ္ထမြောက် 'စိတ်နဲ့ လူ'တေးအယ်လ်ဘမ်တွင် ကိုယ်ပိုင်သံစဉ်သစ်များပါဝင်ပြီး သြဂုတ် ၁၈ရက်တွင်The Sun Music Production မှ ဖြန့်ချိမည်ဖြစ်ကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အော့ခစ်ဟိုတယ်၌ ကျင်းပသည်။
''ဒီအခွေမှာ ဓာတ်ပုံတောင် လုံးဝမပါပါဘူး။ စိတ်နဲ့လူalbum မှာart design ရေးဆွဲထားတဲ့ ပုံလေးတွေပါ။ rock ဂီတကို ရူးသွပ်တဲ့ ငယ်သူငယ်ချင်း ပန်းချီ ဆရာတစ်ယောက်က ရေးဆွဲပေး ထားတာပါ။ စာအုပ်လေးကိုလည်းပန်းချီလေးနဲ့ပဲ ပုံဖော်ထားပါတယ်။ ရည်ရွယ်တာကတော့ ဦးနှောက်အစား ဒီနှလုံးသားကိုပဲ ထားထား ချင်တယ်ဆိုတဲ့သဘောနဲ့ ဒီပုံလေးနဲ့ ထုတ်ဖြစ်တာပါ''ဟု တေးသံရှင် ဖော်ကာက ပြောသည်။
အဆိုပါ သီချင်းခွေတွင် သီချင်း၁၁ပုဒ်ပါဝင်ပြီး တေးရေးဆရာ အနေဖြင့် ဦးအရှည်ကြီး၊ကိုဇေ(မန္တလေး)နှင့် ဖော်ကာတို့က ရေးသား ဖော်ကျူးထားပြီးရော့ခ်ဂီတအမျိုးအစားများပါဝင်သည်။ ယင်းအခွေကို ငါးနှစ်အချိန်ယူပြင်ဆင်ခဲ့ပြီး ဘဝဆန်သည့်ဘဝအကြောင်း၊အာဃာတ အကြောင်းနှင့်အချစ်အကြောင်းများထည့်သွင်းထားကြောင်းသိရသည်။