images
UN
UN
မျှစ်ချဉ်စုကျေးရွာ အမကမူလွန်ကျောင်း၌ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
နိုင်ဦး(ပလောက်) Friday, 17 August 2018
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြည်ခြား ကျေးရွာအုပ်စု မျှစ်ချဉ်စုကျေးရွာ အမကမူလွန်ကျောင်း၌ ကျောင်း သားကျောင်းသူများ ပညာကို ကျန်းမာရေးကောင်းမွန်စွာ သင်ယူ နိုင်ကြစေရန်နှင့် ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက်ရည်ရွယ်၍ ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သွား ကျန်းမာရေးဆရာဝန် ဒေါက်တာဇာဇင်ထူးနှင့် ကျန်းမာရေးဝန်ထမ်း များသည် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးခြင်းနှင့် လက်တွေ့စစ်ဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ပလောက်မြို့ တိုက်နယ်ကျန်းမာရေး ဌာနမှ သွားကျန်းမာရေးဆရာဝန် ဒေါက်တာဇာဇင်ထူးက သွားနှင့် ခံတွင်းရောဂါအကြောင်းဟောပြောခြင်း၊ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ရီသိန်းက သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ရေးအကြောင်းဟောပြောခြင်း၊ ပြည်ခြားကျေးရွာ သားဖွား ဆရာမဒေါ်ဖြိုးလဲ့ရည်က တစ်ကိုယ်ရေးသန့်ရှင်းရေးအကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူ ၂၄ဝ ကို သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွားတိုက်ခြင်း၊ လက်ဆေးခြင်း သရုပ်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။