images
UN
UN
မြန်မာအမျိုးသားလေကြောင်းလိုင်းနှစ်(၇ဝ)ပြည့်အထိမ်းအမှတ် Travel Fair ကျင်းပမည်
ခင်မောင်ချို Friday, 17 August 2018
မြန်မာအမျိုးသားလေကြောင်း ၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အနေဖြင့် ကျင်းပမည့် Travel Fair ကို ရန်ကုန်မြို့ မြန်မာပလာဇာ တွင် ယခုလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် နံနက် ၁ဝ နာရီမှ ည ၇ နာရီအထိကျင်းပမည်ဖြစ်ပြီး ထိုMNA 70Th Anniversary Travel Fairတွင် မြန်မာအမျိုးသား လေကြောင်း၊ ပြည်တွင်း ပြည်ပ လက်မှတ်များကို ၁၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြန်မာအမျိုးသားလေကြောင်း မှBoeing 737-800 NG Embraer 190, ATR 72-600, Caravan လေ ယာဉ်အသစ်များဖြင့် ခရီးစဉ်များ ပျံသန်းပြေးဆွဲလျက်ရှိပြီး စီးနင်း လိုက်ပါလာသောခရီးသွားပြည်သူ များအား လေယာဉ်၏Business Class၊ Premium Economy Class နှင့်Economy Class များ တွင် ခရီးစဉ်တစ်လျှောက်အကောင်း ဆုံး ဝန်ဆောင်မှုများပေးအပ်လျက် ရှိသည်။ ခရီးသည်များအနေဖြင့် မြန်မာအမျိုးသားလေကြောင်းကို ရွေးချယ်စီးနင်းရာတွင် ပြည်တွင်း ခရီးစဉ်များအတွက် ခရီးသွားအိတ် အလေးချိန်ကီလို ၂ဝ၊ ပြည်ပခရီးစဉ် များအတွက် ကီလို ၃ဝ မှစ၍ ဝယ်ယူထားသည့် လက်မှတ်အမျိုး အစားအလိုက် သယ်ယူနိုင်မည် ဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်း 70th Anniversary Travel Fair အတွင်းတွင် လက်မှတ်ဝယ်ယူသူ များအနေဖြင့် လက်မှတ်ဝယ်ယူရာ တွင်ငွေသား(သို့မဟုတ်)ဘဏ်ကတ် များအသုံးပြု၍ မြန်မာကျပ်ငွေ(သို့ မဟုတ်)အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ လက်မှတ် ဝယ်ယူထားသည့် ခရီးသည်များ အတွက် လက်ဆောင်များနှင့်ကံစမ်း မဲအစီအစဉ်များ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။