images
UN
UN
ဒေါ်လာဈေးဆက်တက်နေဦးမယ်ဆိုရင် မြန်မာ့ စီးပွားရေးက အလားအလာမကောင်းနိုင်ဘူး
ထက်မြက်အောင်၊ အေးချမ်းပိုပို Friday, 17 August 2018
ယခုနှစ်မေလမှစတင်ကာ မြင့်တက်လာသည့် အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် သြဂုတ် ၁၆ ရက် ညနေအချိန်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၁၅ဝဝ ကျော်အထိ မြင့်တက်လာခဲ့ပြီး အများပြည်သူများအကြား ရိုက်ခတ်မှုဖြစ်လာခဲ့သည်။ ဒေါ်လာဈေးတက်လာခြင်းကြောင့် စက်သုံးဆီဈေးများတက်လာပြီး သယ်ယူပို့ဆောင်စရိတ်လည်း လိုက်တက်လာသည့်အတွက် လက်ရှိကာလတွင် ကုန်ဈေးနှုန်းများမြင့်တက်လာလျက်ရှိသည်။
ဒေါ်လာဈေးအတက်ကိုမခံနိုင်၍ လုပ်ငန်းများ ရပ်လိုက်မည်ဆိုပါက အလုပ်သမားများအလုပ်လက်မဲ့ဖြစ်လာမည်ဖြစ်ပြီး တိုင်းပြည်၏စီးပွားရေးအခြေအနေက စိုးရိမ်စရာဖြစ်လာမည်ဖြစ်သည့်အတွက် လက်ရှိအမေရိကန်ဒေါ်လာငွေလဲနှုန်းမြင့်တက်ခြင်းနှင့် ပတ်သက်၍ ပြည်သူတချို့၏ သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းဖော်ပြအပ်ပါသည်။

ဦးရဲဝင်းထွန်း
တွဲဖက်အထွေထွေအတွင်းရေးမှူး
---------------------------------------
မြန်မာ့ပင်လယ်ရေကြောင်း အလုပ်သမား များအဖွဲ့ချုပ်
ယခုလက်ရှိ ဒေါ်လာဈေးတက်ရတာ က ပြည်တွင်းငွေပေါ်လည်း အများကြီး မူတည်တယ်။ မူတည်တယ်ဆိုတာက နောက်တစ်ခုပြည်တွင်းမှာရှိတဲ့ အရင်း အမြစ်တွေကို ကောင်းကောင်းအသုံးမချ နိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် သမားရိုးကျပုံမှန်လမ်း ကြောင်းပေါ်ကို ရောက်မလာဘူး။ အဲဒီ အခါမှာ နိုင်ငံတော်ပိုင်းက အားနည်းတာ က မူဝါဒပိုင်းဆိုင်ရာအပြင် လုပ်သင့်လုပ် ထိုက်တာတွေ၊ အဲဒါတွေနဲ့ ပတ်သက်လို့ အစည်းအဝေးတွေဘာတွေ သွားတဲ့အခါ မှာ ပြောတာတွေရှိတယ်။ သို့သော် နားထောင်တာတွေမတွေ့ရဘူး။ ပြီးတော့ လုပ်နေတာတွေကလည်း နည်းနည်းလေး လွဲနေသလားလို့။ အဲဒီလိုတွေလွဲနေရင် တော့ ထိန်းနိုင်မှာမဟုတ်ဘူး။ ဒီထက် အခြေအနေဆိုးလာဖို့ပဲရှိတယ်လို့ ကျွန် တော်တို့မြင်တယ်။ဒေါ်လာဈေးတက်ရင် တော့ဒီဘက်မှာရှိတဲ့ဝန်ဆောင်ခကိုတက်တဲ့ အတိုင်းပဲ တောင်းမှာပါ။ အဲဒီမှာပြန်ကျ တဲ့အခါမှာ ဈေးထပ်မကျဘဲ ထပ်တက် သွားတာပဲရှိမှာပါ။ လက်ရှိသင်္ဘောပေါ် ရောက်နေတဲ့ ဒေါ်လာအများကြီးကိုင် ထားတဲ့ ဒေါ်လာဝင်ငွေရှိတဲ့သူတွေက လည်း ဒီမှာတက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ပြန်ချိန်ကြည့်ရင် ဒါသည် ပမာဏပဲတိုး လာပြီး ကုန်ကျစရိတ်က နဂိုတိုင်းဖြစ် နေတယ်ဆိုတာကို လာပြတာလေ။
အဓိကက ကုန်ဈေးနှုန်းမတည်ငြိမ်ရင် ပမာဏတိုးလာပေမယ့် ဘာမှအကျိုး သက်ရောက်မှုရှိမှာမဟုတ်ဘူး။ တချို့ တွေက ပြောတယ် ဒေါ်လာဈေးတက် လာတာကြောင့် ဒေါ်လာနဲ့မှီပြီး ငွေရနေ တဲ့သူတွေက အခြေအနေကောင်းတယ်ဆို ပေမယ့် အဲဒီဟာကြောင့် ဖြစ်လာမယ့် ကုန်ဈေးနှုန်းကြီးမှု ဒဏ်ကိုအကုန်ခံရမှာ လေ။ လက်ရှိဒေါ်လာရနေတဲ့သူတွေက တော့ ဒေါ်လာဈေးတက်တာတွေကို ကြိုက်ကြတာပေါ့။ ဒါပေမဲ့ အကောင်း ဘက်ကို ဦးတည်ပြီး တက်တာလား၊ အဆိုးဘက်ကို ဦးတည်ပြီး တက်တာ လားဆိုတာကိုတော့ ပြန်စဉ်းစားရမှာပေါ့။ ရေကြောင်းသင်္ဘောသားတွေနဲ့ ပတ်သက် လို့ကတော့ ပုံမှန်ရနေတဲ့ဒေါ်လာနှုန်း ထားအတိုင်းပဲရတာပါ။ ဒီငွေဈေး တက်လို့ ဝင်ငွေပမာဏအရ တိုးလာတာ တော့ရှိတယ်။ ရေကြောင်းသင်္ဘောသား တွေအတွက်က ဒေါ်လာဈေးတက်လို့ အကျိုးသက်ရောက်မှုကြီးကြီးမားမား တော့မရှိပါဘူး။ အဓိကကတော့ ပြည် တွင်းမှာရှိတဲ့ အရင်းအမြစ်တွေကို ထိထိ ရောက်ရောက်ကျကျနန အသုံးချနိုင်မှ သာ ငွေကြေးကိုထိန်းသိမ်းနိုင်မယ့် သဘောရှိပါတယ်။

ဦးငွေဇံ
ကားဝယ်ရောင်း
လှိုင်မြို့နယ် ကားပွဲစားတန်း
--------------------------------
ကားဈေးတော့ နည်းနည်းလေး တော့ မြောက်သွားတာပေါ့။ ဒေါ်လာဈေး က မတရားတက်သွားမယ်ဆိုရင်တော့ ဒီ ကားလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေ အသစ်သွင်းတဲ့ လူတွေအတွက်ကတော့ ပြဿနာ ရှိနိုင်တာပေါ့နော်။ ဈေးနှုန်း အပြောင်းအလဲဖြစ်မယ်။ ဒေါ်လာဈေး တက်တာနဲ့ပတ်သက်ပြီးတော့ လုပ်တဲ့သူ တွေက စီးပွားရေးသမားတွေအနေနဲ့ ကစားတယ်ပေါ့။ ငွေကြေးထိန်းချုပ်မှုက ပိုက်ဆံရှိတဲ့သူက ဒေါ်လာတွေ ဈေးတက် လာတာမြင်တယ်။ မြင်တဲ့အခါမှာ ထိန်း ချုပ်တယ်ပေါ့။ အဲဒီလိုကြောင့် ဒီဈေးတွေ က အဲဒီလိုဖြစ်တာလေ။ သူတို့ဒါမျိုးကို မလုပ်နိုင်အောင်လို့ကို လုပ်ပစ်ရမှာလေ။


ဦးသက်နိုင်
ကုမ္ပဏီဝန်ထမ်း
-------------------
ဒေါ်လာဈေးအတက်ကြမ်းတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ အဲဒီလိုဈေး တက်တော့ တခြားတခြားသော ကုန် ဈေးနှုန်းတွေ လိုက်တက်လာမှာစိုးတယ်။ ဒေါ်လာဈေးတက်ရင် ပြည်ပကတင်သွင်း တဲ့ ကားတို့ အခြားကုန်ပစ္စည်းတွေပါ တက်လာနိုင်တယ်။ ဒေါ်လာဈေးက ဒီတိုင်းဆက်တက်နေမယ်ဆိုရင် ကုန်ဈေး နှုန်းတွေ သွင်းကုန်တွေအကုန်တက်ကုန် မယ်။ခုတောင် ဆီဈေးတွေ ဆေးဈေးတွေ တက်မယ်ဆိုပြီး ကြားနေရတယ်။ ကျွန် တော်တို့ ပြည်သူတွေအနေနဲ့ ဒီဒဏ် တွေကိုခံစားရနိုင်တယ်။ ဒါကို အမြန်ဆုံး ထိန်းချုပ်ပေးစေချင်တယ်။ အဓိကက တော့ ကျွန်တော်တို့ အခြေခံစားသောက် ကုန်တွေ ဈေးတက်လာရင် အများကြီး ပြဿနာ ရှိလာနိုင်တယ်။ ဆီဈေးတွေ ကလည်း ခုလည်းမြင့်နေတယ်။ ဒီထက်ပို ဈေးတက်လာမှာစိုးတယ်။အဓိကကတော့ ဈေးတက်ပြီဆိုတာနဲ့ ဘာပဲတက်တက် အောက်ခြေလူတန်းစားတွေက ခံရတယ် လို့ထင်တယ်။ ကျွန်တော်တို့ မြန်မာ ငွေကြေးတန်ဖိုးကိုလည်း မြှင့်တင်ဖို့လို တယ်။ နောက်တစ်ချက်က ငွေကြေး ကစားတဲ့ သူတွေကိုလည်းတားဆီးနိုင်ရင် ကောင်းမယ်။ တာဝန်ရှိသူတွေဘက်က လည်း ဒီလိုဒေါ်လာဈေးတွေ မြင့်တက် လာတာကို အမြန်ဆုံးထိန်းချုပ်ဖို့ လိုအပ် တယ်လို့ မြင်ပါတယ်။

ဒေါ်ဖြူဖြူဇင်
စီမံကိန်းနှင့်ဆက်သွယ်ရေးအရာရှိ
----------------------------------------
မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန
ဒေါ်လာဈေး တက်တာကတော့ မကောင်းတဲ့အနေအထားပါ။ ဘာလို့ မကောင်းတဲ့အနေအထားလဲဆိုတော့ ကုန် ဈေးနှုန်းတွေ တအားတက်သွားတယ်။ တစ်ဖက်မှာကထိန်းချုပ်ဖို့က အခက်အခဲ ဖြစ်သွားနိုင်တယ်။ နိုင်ငံတော်ကလည်း တစ်ခုခုကြေညာချက်ထုတ်လိုက်တာမျိုး ပြည်သူတွေကို စိတ်ပူပန်မှုမရှိရအောင် တစ်ခုခုလုပ်ပေးသင့်တယ်။ ဒီအနေ အထားက တစ်ခုတော့ရှိတယ်။ ဒေါ်လာ ဈေးတက်တာ ပြည်တွင်းနဲ့မဆိုင်ဘူး။ ဗဟိုဘဏ်ကထိန်းကျောင်းမှုကို လွှတ် လိုက်တာက သက်သက်လွှတ်လိုက်တဲ့ အချိန် တစ်ဖက်မှာက မာသွားတဲ့အချိန် နဲ့ တိုက်ဆိုင်သွားတာပါ။ အဲဒီလိုတိုက် ဆိုင်သွားတဲ့အချိန်မှာ ပြည်တွင်းမှာ ဆိုးသွားတာပါ။ တခြားနိုင်ငံတွေအားလုံး မှာလည်း သူတို့ရဲ့ငွေကြေးတန်ဖိုးကကျ သွားတယ်။ သူများတွေတန်ဖိုးကျတာ ထက် အစ်မတို့ငွေကြေးတန်ဖိုးကျတာက ပိုဆိုးတာပေါ့။ တန်ဖိုးကျတဲ့ရာခိုင်နှုန်း ပိုများသွားတာပေါ့။ အစိုးရအနေနဲ့ မကြာ ခင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့မယ် ပြောတယ်။ ဒီမတိုင်ခင်မှာ ပြည်သူလူထု စိတ်ပူပန်မှုလျော့ကျသွားအောင်လို့တော့ လုပ်ပေးသင့်ပါတယ်။ ဒီလိုပဲ ဒေါ်လာ ဈေးဆက်တက်နေဦးမယ်ဆိုရင် မြန်မာ့ စီးပွားရေးက အလားအလာမကောင်းနိုင် ဘူး။ အဲဒီလောက်ပဲပြောပါရစေ။ လူတွေ က အရမ်းစိတ်ပူနေတဲ့အတွက် အမျိုးမျိုး ဖြစ်သွားနိုင်တယ်။ ဒေါ်လာဈေးတက် လာတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် တွေအတွက် ထိခိုက်မှုတွေရှိလာပါတယ်။ ဒေါ်လာဈေးတက်လာတဲ့အခါ စက်သုံး ဆီတွေလည်း ဈေးတက်လာတယ်။ စက် သုံးဆီဈေး တဖြည်းဖြည်းတက်လာတော့ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲဖြစ် သွားတယ်။ ရှေ့ရက်ပိုင်းမှာ ရေကြီးထား တဲ့အရှိန်နဲ့ သီးနှံပျက်စီးတာတို့၊ လမ်းတွေ ပျက်စီးတာတို့နဲ့ပတ်သက်ပြီးတော့ ကုန် စည်စီးဆင်းမှုက နှေးနေတာ။ အဲဒီလိုဖြစ် နေတဲ့အချိန်မှာ စက်သုံးဆီဈေးက ထပ် တက်တော့ အတက်ကနှစ်ခုဖြစ်နေတော့ ဈေးကွက်ထဲဈေးတွေ အကုန်ကြီးကုန် တယ်။ အဲဒီလိုဈေးတွေတက်ကုန်လို့ ကမောက်ကမတွေဖြစ်ကုန်တာပါ။