images
UN
UN
ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းယာစားသုံးမှုမြင့်တက်နေခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းများပြားလာ
မောင်စိန်ဝင်း Friday, 17 August 2018
ဆေးလိပ်နှင့် ဆေးရွက်ကြီး ပါဝင်သော ကွမ်းယာများစားသုံး ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွား သူများပြားလာပြီး သေဆုံးမှုများ ရှိနေကြောင်း ရန်ကုန်မြို့ ချင်းတွင်း လမ်းရှိ ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းမှ သိရသည်။
မြန်မာ့လူမှု အသိုက်အဝန်း အတွင်း တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းကြောင့် ရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း၊ထို့အတွက် ကြောင့် ဆေးရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် ရုံးများတွင် ဆေး လိပ်မသောက်ရ နယ်မြေများအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ ၂ဝ၁၁ ခုနှစ်က စစ်တမ်း အရ ကလေးရာခိုင်နှုန်း ၆ဝ မှာ နေအိမ်များရှိ မိသားစုဝင်များ၏ ဆေးလိပ်သောက်သုံးမှုကြောင့်တစ် ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်နေ ကြရကြောင်း၊ ဆေးလိပ်ငွေ့ကင်း စင်ရေးဥပဒေနှင့် တားမြစ်ထား သော်လည်း တချို့ပြည်သူများမှာ မထီမဲ့မြင်ပြုရာ ရောက်နေပြီး ဥပဒေလိုက်နာမှု အားနည်းနေ ကြောင်း ရန်ကုန်မြို့ ချင်းတွင်း လမ်းရှိ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းစိန်က ပြောသည်။
''ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အနေနဲ့ နှစ်စဉ်ဆောင်ပုဒ်တစ်ခု၊ တစ်ခုထုတ်ပြန်ပြီး ပြည်သူလူထုကို အသိပညာပေးမှုတွေဆောင်ရွက်နေ ပါတယ်။ ယခုအခါလူထုကြားမှာ ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းယာ စားတာတွေက ယခင်ထက်ကိုပိုမို များပြားလာနေသလို နှလုံးရောဂါ ဖြစ်ပွားမှုတွေကလည်း အဖြစ် အများဆုံးဖြစ်နေပြီး သေဆုံးမှုနှုန်း တွေလည်း များပြားလာပါတယ်။ အထူးသဖြင့်ဆယ်ကျော်သက်လူ ငယ်လေးတွေ အထူးသတိထားဖို့ လိုအပ်ပါတယ်။ ဒီအပြင်လူကြီး တွေကလည်းသတိနဲ့ ဆင်ခြင်ပြီး လူငယ်များကို ဆုံးမဖို့လိုပါတယ်။ ဒါကိုဥပေက္ခာပြုမယ်ဆိုရင်တော့ မိမိအပါအဝင် လူ့ပတ်ဝန်းကျင် ဟာ ကျန်းမာရေးဆိုးကျိုးတွေရဲ့ ခြိမ်းခြောက်တာတွေကို အမြဲခံနေရ မှာဖြစ်သလို ရောဂါဖြစ်ပြီးသေဆုံး မှုနှုန်းတွေကလည်းလျော့ကျသွား မှာမဟုတ်ပါဘူး''ဟု ပြည်သူ့ ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဦးသန်းစိန်ကထပ်မံ ပြောသည်။

ဆေးလိပ်မီးခိုးငွေ့တွင် နှလုံး သွေးကြောများကိုအန္တရာယ်ဖြစ်စေ သည့် နစ်ကိုတင်း၊ ကာဗွန်မိုနောက် ဆိုဒ်၊ ကတ္တရာဓာတ်တို့ပါဝင်လျက် ရှိရာ ကမ္ဘာပေါ်တွင်နှလုံးရောဂါ ကြောင့်သေဆုံးသူများ၏ ၁၂ရာ ခိုင်နှုန်းနီးပါးသည် ဆေးလိပ်ကို ကိုယ်တိုင်သောက်သုံးခြင်းကြောင့် သော်လည်းကောင်း၊ဒုတိယအဆင့် ဆေးလိပ်ငွေ့ရှူရသူ သို့မဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရသူများ ဖြစ်ကြောင်းကို သုတေသီများက တွေ့ရှိထားကြောင်း သိရသည်။
လက်ရှိအနေအထားအရမြန်မာ နိုင်ငံတွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ မြန်မာနိုင်ငံ လူနေ မှုဘဝနှင့်ကျန်းမာရေးဆိုင်ရာအချက် အလက်စစ်တမ်းများအရ ၂ဝ၁၅/ ၂ဝ၁၆ခုနှစ်တွင် အသက်(၁၅နှစ်)မှ (၄၉နှစ်)အတွင်းရှိ အမျိုးသားဦးရေ ၏ ၃၂ ရာခိုင်နှုန်းသည် စီးကရက် သောက်သုံးကြ၍ ၁၄ရာခိုင်နှုန်းမှာ ဆေးပေါ့လိပ် သောက်သုံးကြ ကြောင်း၊ အမျိုးသမီးဦးရေ၏ ၂ရာ ခိုင်နှုန်းမှာလည်း ဆေးလိပ်သောက် သုံးကြောင်း၊ အသက် (၄ဝနှစ်)မှ (၄၉နှစ်)အတွင်းရှိ အမျိုးသားဦးရေ ၏ ၉၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ဦးရေ၏ ၁၈ ရာခိုင်နှုန်းမှာလည်း ကွမ်းယာစားသုံးနေကြကြောင်း၊ ဆေးလိပ်နှင့် ကွမ်းယာစားသုံးမှု ကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါနှင့် နှလုံးသွေးကြောပိတ် ရောဂါအစရှိသော နှလုံးရောဂါ ဖြစ်ပွားမှုအရေအတွက်မှာလည်း ပိုမိုတိုးပွား များပြားလာလျက်ရှိ ကြောင်း သိရသည်။