images
UN
UN
နွယ်(ကဗျာ)
သူရဇော် Friday, 17 August 2018
* သစ်ပင်ကြီးလား...
ခိုမှီးတက်မယ် သူလေနွယ်။
* သစ်ပင်ငယ်လား...
ရစ်တွယ်တက်မယ် သူလေနွယ်။
* သစ်ကိုင်းခြောက်လား...
တွယ်လျှောက်တက်မယ် သူလေနွယ်။
* ဝါးရုံပင်လား...
ဆွဲငင်တက်မယ် သူလေနွယ်။
* ခြံစည်းရိုးလား...
တိုးပတ်တက်မယ် သူလေနွယ်။
* ထိသမျှ မိသမျှ...
သူက ရစ်တွယ် အို...နွယ်...နွယ်။
* သြော် အမှီအရပ် အကပ်အတွယ်
နွယ်ရာမရှိ လှမ်းမမိသော်
သူ၏အားမာန် ညွန့်ရှင်သန်၍
မောင်းတံနွယ်ရိုး ယှက်ထိုးလွန့်လူး
လိမ်ပူးရစ်ပတ် အထပ်ထပ်နှင့်
မတ်မတ်ထောင်၍ တက်မည်တည်း။