images
UN
UN
မြန်အောင်ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး နယ်မြေခံတပ်မတော်သားများဆောင်ရွက်
ဝင်းဗိုလ်(မြန်အောင်) Friday, 17 August 2018
မြန်အောင်မြို့ရှိ နယ်မြေခံတပ် ရင်း ခလရ(၅၁)မှ ဗိုလ်မှူးဇော်မျိုး ဦးဆောင်သော အရာရှိစစ်သည် ၇၅ဦးတို့သည် ယနေ့ နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင် ပြည်သူ့ဆေးရုံဝင်း အတွင်းအပြင်ရှိ ချုံနွယ်များ ခုတ် ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက် များ ရှင်းလင်းခြင်းနှင့် ရေစီးရေ လာကောင်းမွန်ရေးဆောင်ရွက်ခြင်း စသည့် ပြည်သူ့အကျိုးပြု သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အပတ် စဉ် တစ်ပတ်လျှင်တစ်ရက် မြို့နယ် အတွင်းရှိ စေတီပုထိုးများ၊ ဘုန်း တော်ကြီးကျောင်းနှင့် စာသင် ကျောင်းများတွင် နယ်မြေခံတပ် ရင်းမှ အရာရှိစစ်သည်များ စု ပေါင်း၍ သန့်ရှင်းသာယာလှပရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။