images
UN
UN
နေပြည်တော်ဝန်ထမ်းအိမ်ရာများပျက်စီးနေမှု ပြန်လည်ပြုပြင်ပေးရန်လိုအပ်နေ
Saturday, 18 August 2018
ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ နိုင်ငံ့ဝန်ထမ်းများနေထိုင် လျက်ရှိသော ဝန်ထမ်းအိမ်ရာများမှာ ရာသီဥတုဒဏ်များကြောင့် ပျက်စီး မှုများဖြစ်ပေါ်နေသည့်အတွက် ပြန် လည်ပြုပြင်မှုများ ပြုလုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း ဝန်ထမ်း အိမ်ရာနေ ဝန်ထမ်းများ၏ ပြော ကြားချက်အရ သိရသည်။
နေပြည်တော်ဝန်ထမ်းအိမ်ရာ များသည် တည်ဆောက်ထားသည့် နှစ်မှာ ကြာမြင့်ခဲ့ပြီး မိုးဒဏ်၊ လေ ဒဏ်များကြောင့် ပြတင်းပေါက်များ ကွဲကျခြင်း၊ တံခါးရွက်များ ပြုတ် ထွက်ခြင်း၊ တံခါးကျဉ်းဘောင်များ ရေစိမ့်ဝင်ခြင်း၊ ဆွေးမြည့်နေခြင်း၊ ဝန်ထမ်းအိမ်ရာအပေါ်ဆုံးထပ်များ တွင်ရေစိမ့်ကျခြင်းများ ဖြစ်ပေါ်နေ လျက်ရှိကြောင်းသိရသည်။ ''ကျွန် တော်တို့ရောက်ရှိနေထိုင်တာ ရှစ် နှစ်ကျော်ပြီ။ အထူးသဖြင့် ပြတင်း ပေါက်တွေ မိုးမလုံသလို ခေါင်မိုး က မိုးရေစိမ့်ကျတယ်။ ပြတင်း ပေါက်တွေကို ငွေကုန်ခံပြုပြင်ပေ မယ့် မိုးမလုံဘူး။ နိုင်ငံပိုင်အိမ်ရာ ထိန်းသိမ်းရေးဌာနခွဲက ဝန်ထမ်း တွေအနေနဲ့ လိုက်လံစစ်ဆေးပြုပြင် ပေးသင့်တယ်''ဟု ကံ့ကော်အိမ်ရာ နေ ဝန်ထမ်းတစ်ဦးကပြောသည်။ အဆိုပါဝန်ထမ်းအိမ်ရာများ ပျက်စီး နေ၍ ပြန်လည်ပြုပြင်ပေးရန်ကိစ္စ နှင့်ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူးတစ်ဦးကလည်း အိမ်ရာ များပျက်စီး၍ ပြန်လည်ပြုပြင်ပေး ရန် သက်ဆိုင်ဌာနသို့ အကြောင်း ကြားမှုများဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာဌာနများမှ လာရောက် ပြုပြင်ပေးမှုမရှိကြောင်း ပြော သည်။
ဝန်ထမ်းအိမ်ရာများတွင် နေ ထိုင်ကြသော ဝန်ထမ်းများအနေ ဖြင့် မိမိတို့နေထိုင်သည့် တိုက်ခန်း များတွင် ရာသီဥတုဒဏ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်နေပြီး ကြီး မားသော ပျက်စီးဆုံးရှုံးမှုများ မဖြစ် ပေါ်မီ မည်ကဲ့သို့ဆောင်ရွက်ရမည် ကိုလည်း တိကျစွာမသိကြောင်း၊ ကာယကံရှင်မှဖြစ်စေ၊ တိုက်မှူး များမှဖြစ်စေမည်ကဲ့သို့ဆောင်ရွက် ရမည်ကို နေပြည်တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန(အဆောက်အအုံ)နိုင်ငံပိုင် အိမ်ရာ၊ ထိန်းသိမ်းရေးဌာနခွဲမှ အသိပေးမှုများဆောင်ရွက်ပေးသင့် ကြောင့်လည်း ဓနသိဒ္ဓိရပ်ကွက်နေ ဝန်ထမ်းတစ်ဦးကပြောသည်။
ထို့ပြင်နိုင်ငံပိုင်ဝန်ထမ်းအိမ်ရာ ထိန်းသိမ်းရေးဌာနခွဲမှ ဝန်ထမ်း များအနေဖြင့်လည်း အိမ်ရာများ ပျက်စီး၍ ပြန်လည်ပြုပြင်ပေးရန် တင်ပြလာမည့် လျှောက်လွှာများ အား စောင့်ဆိုင်းနေခြင်းထက် ဝန် ထမ်းအိမ်ရာများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက် သင့်ကြောင့် နေပြည်တော်ဝန်ထမ်း အိမ်ရာတိုက်ခန်းများမှ ဝန်ထမ်း များက ပြောကြားလျက်ရှိသည်။
ဝန်ထမ်းတစ်ဦး