images
UN
UN
သြစတြေးလျကလပ်နှင့်စာချုပ်နိုင်မည်ဟု အူစိန်ဘို့သ်မျှော်လင့်
Saturday, 18 August 2018
အိုလံပစ်ရွှေတံဆိပ် ရှစ်ကြိမ်အထိရရှိခဲ့သော ကမ္ဘာ့အပြေးချန်ပီယံ ဟောင်း အူစိန့်ဘို့သ်က သြစတြေးလျကလပ် မာရီနာနှင့် စာချုပ် နိုင်ရန်မျှော်လင့်သည်ဟု ဖွင့်ဟလိုက်သည်။ အူစိန့်ဘို့သ်သည် ပြေး ခုန်ပစ်လောကမှ အနားမယူခင်ကတည်းက ဘောလုံးလောကသို့ဝင် ရောက်ရန်ဆန္ဒရှိသည်ဟု ဖွင့်ဟခဲ့ဖူးသူဖြစ်ပြီး မန်ယူအပါအဝင် ဥရောပ ထိပ်သီးအသင်းတချို့တွင် လေ့ကျင့်ခန်းဆင်းဖူးသူလည်းဖြစ်သည်။ လက်ရှိတွင် ၄င်းသည် ဆစ်ဒနီမြို့သို့ရောက်ရှိနေပြီး စာချုပ်ကိစ္စများ နှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်နေသည်။ အူစိန့်ဘို့သ်က မိမိ၏ လုပ်နိုင်စွမ်းကို ကောင်းစွာသိပြီး ဘောလုံး၌ ကောင်းမွန်သူ ဖြစ်ကြောင်းကို ပြသနိုင်မည့်အခွင့်အရေးရရှိလိုကြောင်း ထုတ်ဖော် ပြောကြားထားသည်။ Ref ;Skysports