images
UN
UN
စီမံကိန်းနှင့်ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး(ငြိမ်း) သူငယ်တန်းကျောင်းသားများအတွက် ကျောင်းဝတ်စုံများလှူဒါန်း
မင်းဇော်(မကွေး) Saturday, 18 August 2018
စီမံကိန်းနှင့်ဘဏ္ဍာရေးပြည်ထောင်စု ဝန်ကြီး(ငြိမ်း)ဒေါက်တာကံဇော် မိသားစုက လှူဒါန်းသော သူငယ်တန်းကျောင်းသား ကျောင်းသူများအတွက် အဖြူနှင့်အစိမ်း ကျောင်းဝတ်စုံ ၅၄ စုံကို ယနေ့နံနက် ၉ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် သနပ်ကုန်းကျေးရွာအုပ်စုသနပ်ကုန်း အထကခွဲကျောင်း၌ စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် ကော်မတီဝင် ဦးတိုးတိုးက ရပ်/ကျေးပါတီ ဥက္ကဋ္ဌများနှင့်အတူ ကိုယ်စားသွားရောက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။