images
UN
UN
အိန္ဒိယနိုင်ငံရေတပ်သင်္ဘောဖြစ်သော KHANJARရန်ကုန်မြို့သို့ အလည်အပတ်လာရောက်မည်
Saturday, 18 August 2018
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားရှိ နီးကပ်ပြီးခိုင်မာသောနှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမိုအားဖြည့်ခိုင်မာစေရန်အတွက် အိန္ဒိယနိုင်ငံမှရေတပ် သင်္ဘောဖြစ်သောKhanjar သည် ယနေ့မှ ယခုလ ၂ဝ ရက်အထိ ရန်ကုန်မြို့သို့လာရောက်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံမှရေတပ်သင်္ဘောဖြစ်သောKhanjar (P-47) သည်Khukri-classမစ်ဆိုင်းကော့ဗက်အမျိုးအစားသင်္ဘောဖြစ်ပြီး ၁၉၉၁ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင်အိန္ဒိယရေတပ်သို့တပ်တော်ဝင်ခဲ့သည်။ ဤ သင်္ဘောသည် တန်ချိန်တန် ၁၃၅ဝ တင်ဆောင်နိုင်ပြီး အလျား ၉၁ မီတာရှည်ကာ အမြန်နှုန်း ၂၅knots ထက်ပိုမြန်နိုင်သည်။ သင်္ဘောပေါ် တွင်ဟယ်လီကော်ပတာတစ်စင်းတင်ဆောင်နိုင်ရန်တည်ဆောက်ထားပြီး ယခုသင်္ဘောအား အမျိုးမျိုးသောလက်နက်များ၊ ရေဒါများနှင့် အာရုံခံ ကိရိယာများ တပ်ဆင်ထားသည်။ ဤသင်္ဘောသည် ပြည်တွင်းမှာပင်ပုံစံ ဒီဇိုင်းရေးဆွဲပြီးM/sGarden Reach Shipbuilders and Engineers, Kolkata မှ တည်ဆောက်ထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံမှ ရေတပ်သင်္ဘောဖြစ်သောKhanjar သည် Visa-khapatnam တွင် အခြေစိုက်သောEastern Fleet ၏အစိတ်အပိုင်း တစ်ခုဖြစ်သည်။ သင်္ဘော၏အမည်သည် ရှေးခေတ်စစ်သူရဲကောင်းများ ကောင်းစွာအသုံးပြုခဲ့ကြသည့် အသွားနှစ်ဖက်လုံး ပြတ်ရှနိုင်ရန်သွေး ထားသည့် အိန္ဒိယနိုင်ငံသုံး ဓားကောက်မှ တစ်ဆင့်ရရှိထားခြင်းဖြစ် သည်။
ဤသင်္ဘော၏ Commanding Officer မှ Cdr V Shirdikant ဖြစ်ပြီး အရာရှိများနှင့်သင်္ဘောသားများအပါအဝင် သင်္ဘောအမှုထမ်း ၁၂ဝ ကျော် အား ဦးဆောင်လာမည်ဖြစ်သည်။
ရန်ကုန်မြို့တွင်ရောက်ရှိစဉ် ဆောင်ရွက်မည့်အဓိကအစီအစဉ်များတွင် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိများနှင့် အပြန်အလှန်ဆက်သွယ်ဆောင် ရွက်ခြင်းများ၊ ဂါရဝပြုတွေ့ဆုံခြင်းများနှင့် နာမည်ကျော် ရွှေတိဂုံဘုရား အပါအဝင် စိတ်ဝင်စားဖွယ်နေရာများသို့လည်ပတ်ခြင်းများပါဝင်ကြောင်း သိရသည်။