images
UN
UN
အမျိုးသမီးညီလာခံကျင်းပမည်ဟုတိုင်းဒေသကြီးတာဝန်ခံပြောကြား
ထိန်ဝင်း(YGN) Saturday, 18 August 2018
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အမျိုး သမီးရေးရာ တာဝန်ခံများနှင့် ပါတီဗဟိုအတွင်းရေးမှူးအမျိုး သမီးရေးရာတာဝန်ခံဒေါက်တာ စန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင်ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ ဦးခင်ရီ၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တွေ့ဆုံပွဲ အခမ်းအနားကို
ယနေ့နံနက် ၁၁နာရီခွဲက ရန်ကုန် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးခန်းမ တွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနား အစီအစဉ်အရ ပါတီဗဟိုအလုပ်အမှုဆောင်ရန်ကုန် တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ က အမှာစကားပြောကြားရာတွင် စွမ်းရည်မြင့်မားပြည့်ဝသည့် အမျိုး သမီးထုကြီးမှ နိုင်ငံ့အရေးကိစ္စ များကို ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသမီးညီလာခံကို ကျင်းပမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်ခိုင်ဖြိုး ပါတီအမျိုးသမီးထုသည်လည်း စည်းရုံးရေးစွမ်းရည် ပြည့်ဝသည့် အမျိုးသမီးပါတီဝင်များဖြစ်ရန် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ကြိုး စားကြစေချင်ကြောင်း မှာကြား သည်။
ထို့နောက် ပါတီဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးကယနေ့ ညှိနှိုင်းအစည်းအဝေးသည် တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုး သမီးအကြို ညီလာခံများကျင်းပ နိုင်ရန်အတွက်ဖြစ်ကြောင်း၊ ပါတီ ဥက္ကဋ္ဌများလည်းတက်ရောက်သည့် အတွက်မှာကြားလိုကြောင်း၊ ယနေ့ ခေတ်အခြေအနေအရ ပါတီဥက္ကဋ္ဌ များ အမျိုးသမီးပါတီဝင်များသည် ပြောရဲဆိုရဲ၊ ဟောပြောရဲသည့် အရည်အချင်းနှင့် ပြည့်ဝနေရန်လို အပ်ကြောင်း၊ အမျိုးသမီးအကြို ညီလာခံအဆင့်ဆင့် ပြုလုပ်နိုင်ရန် ပြင်ဆင်ထားကြဖို့ မှာကြားလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ပါတီဗဟိုအတွင်း ရေးမှူးအမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်က အမှာ စကားပြောကြားရာတွင် ယနေ့ တွေ့ဆုံပွဲသည် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံကျင်းပနိုင်ရေး အတွက် အကြိုညှိနှိုင်းအစည်း အဝေးဖြစ်ကြောင်း၊ ရည်ရွယ်ချက် မှာပါတီ၏ဦးဆောင်မှု အခန်းကဏ္ဍ မြှင့်တင်ရေးတွင် အမျိုးသမီးထုက ပါဝင်နိုင်ရန် ပါတီ၏မူဝါဒလုပ် ငန်းစဉ်များကို ပြည်သူများသိရှိစေ ရန် အမျိုးသမီးများ ဘဝလုံခြုံရေး နှင့် စွမ်းရည်မြင့်မား တိုးတက်စေ ရေးနှင့် အမျိုးသမီးဘဝမြှင့်တင် ရေးတို့အတွက်ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ထို့နောက် အမျိုးသမီး ညီလာခံ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသူ များက သိရှိလိုသည်များကို မေး မြန်းတင်ပြကြပြီး တွေ့ဆုံပွဲအခမ်း အနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။